လူမည်းအမျိုးသားအတွက် တရားမျှတမှုရရေး ပြသခဲ့သည့် ဂျာမန်ကစားသမားများကိုအရေးမယူဟု ကြေညာ

614
လူမည်းအမျိုးသာ ဂျော့ဖလွိုက်ကွယ်လွန်ခဲ့မှုအတွက် တရားမျှတမှုလိုလားကြောင်း ပြသခဲ့တဲ့ ကစားသမားတွေ ကို အရေးယူတော့မှာ မဟုတ်ကြောင်း ဂျာမန်ဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။
အမေရိကန်လူမည်း အမျိုးသားတဦးဖြစ်သူ ဂျော့ဖလွိုက်ကို ရဲအရာရှိတဦးက ဖမ်းဆီးရင်း သတ်ဖြတ်ခဲ့တဲ့အပေါ်မှာ ဘွန်ဒက်စ်လီဂါ ကစားသမားတွေက စာနာကြောင်း ပြသခဲ့ကြတာပါ။
ဒေါ့မွန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ ပြီးခဲ့တဲ့တပတ်က လိဂ်ပွဲစဉ်မှာ ဂိုးသွင်းပြီးနောက် Justice For George Floyd စားသားရိုက်နှိပ်ထားတဲ့ ဂျာစီကို ထုတ်ဖော်ပြသ ပြီး အောင်ပွဲခံခဲ့တာပါ။
အလားတူပဲ အသင်းဖော် ဟာကီမီဟာလည်း အဲဒီလိုအောင်ပွဲခံခဲ့ပါတယ်။
ဒါ့အပြင် ရှော်ကေးကွင်းလယ်လူ ဝက်စ်တန် နဲ့ မိုချန်ဂလာဘက် တိုက်စစ်မှူး မားကပ်စ်သူရမ် တို့ရဲ့ ဒူးဒေါက် အောင်ပွဲခံပုံနဲ့ ပတ်သက်ပြီးလည်း အရေးယူမှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဖီဖာရဲ့စည်းမျဉ်းတွေထဲမှာ နိုင်ငံရေး၊ လူမှုရေးနဲ့ ယုံကြည်ကိုးကွယ်မှုတွေနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးရာ ခံစာချက်တွေကို ဘောလုံးကွင်းထဲမှာ ထုတ်ဖော်ပြသခြင်းမပြုဖို့ တားမြစ်ထားတာပါ။
ဂျော့ဖလွိုက် ကိစ္စမှာတော့ စည်းလုံးညီညွတ်မူရဲ့ ပြယုဂ်တခုဖြစ်တာကြောင့် ကစားသမား တွေကို အရေးယူခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။