မောင်တောမြို့နယ်တွင်  ဘင်္ဂလားဒေ့ရှ်က ပြန်လာသည့် ကိုဗစ်-၁၉  လူနာသစ် ၁ ဦးတွေ့ရှိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ကိုဗစ်-၁၉  အတည်ပြုလူနာသစ် တစ်ဦး  စစ်ဆေးတွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ဇွန် ၄ လရက်မနက်က ထုတ်ပြန်ပါတယ်။ အဆိုပါ လူနာသစ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာတဲ့  အသက် ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး မောင်တောမြို့နယ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) က (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ  ၆၈၄ ကို ဒီနေ့မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ  လူနာသစ် တစ် ဦးတွေ့ရှိခဲ့တာပါ။ ဇွန်လ ၄ ရက်မနက် ၈ နာရီအထိ  မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၂၃၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင် ပြန်ကောင်းလာသူ ၁၄၅ ဦးနဲ့ ဒီအထဲက ဆေးရုံမှ ဆင်းသွားသူ ၁၃၂ ဦးရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up