DVB Logo
Home
မြန်မာသတင်း
အေဂျီဒီဘဏ်နှင့် အမေရိကန်ကုမ္ပဏီများ ဆွေးနွေး
DVB
·
May 8, 2013
အေဂျီဒီဘဏ်နှင့် အမေရိကန်ကုမ္ပဏီများ ဆွေးနွေး
Donate to DVB

မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်တဲ့ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) ဟာ အမေရိကန်က ကမ္ဘာကျော် အီလက်ထရွန်းနစ် နည်းပညာကုမ္ပဏီတွေဖြစ်ကြတဲ့ Master ၊ Visa Inc တို့နဲ့ လက်တွဲဆောင်ရွက်ဖို့ ဆွေးနွေးနေတယ်လို့ ဘဏ်ရဲ့ Customer Service ဌာနက ဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောပါတယ်။

“ဗီဇာဆိုတော့ ဗီဇာကတ်ကို ပိုက်ဆံထုတ်ပေးတဲ့ဟာပေါ့။ တခြားလူတွေ လုပ်သလိုပါပဲ။ မြန်မာနိုင်ငံက တခြား ဘဏ် ၃-၄ ခုလောက်နဲ့ သူတို့ လုပ်ပြီးနေပြီ။ ကျနော်တို့ ဘဏ်နဲ့က မလုပ်ရသေးဘူး၊ စကားပြောဆိုနေတုန်းပဲ ရှိသေးတယ်။ ကျနော်တို့ကို ပထမအကြိမ် သူတို့လာတုန်းကတည်းက လာရောက်တွေ့ဆုံဆွေးနွေးတာ ရှိတယ်။ စကားလာပြောတာတော့ ရှိတယ်။”

အမေရိကန်ပြည်ထောင်စုက ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုအပေါ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စီးပွားရေး ဖြေလျှော့ပေးလိုက်ပြီးနောက် ဒီအစီအစဉ် ပေါ်ပေါက်လာတာပါ။

ဗီဇာကတ်လို့ လူသိများတဲ့ အီလက်ထရွန်းနစ်စနစ် ငွေပေးချေရေးကတ်လုပ်တဲ့ အမေရိကန်ကုမ္ပဏီ ၂ ခုနဲ့ ပူးပေါင်းပြီး ပြည်တွင်းမှာ ဒီငွေပေးချေရေးကတ်တွေကို အေဂျီဒီဘဏ်နဲ့ ချိတ်ဆက် အသုံးပြုနိုင်မယ့် ဝန်ဆောင်မှုဟာ လာမယ့် လအနည်းငယ်အတွင်းမှာပဲ အကောင်အထည်ပေါ်တော့မယ်လို့ ဦးသက်လွင်ရွှေက ပြောပါတယ်။

ဒီအစီအစဉ်ဟာ နိုင်ငံခြားကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဆီးဂိမ်းအားစားပြိုင်ပွဲကို လာရောက်မယ့်သူတွေအတွက် အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်

“အေတီအမ်မှာ ထုတ်ရင် ကျပ်ငွေပဲထုတ်ရမယ်။ ဒီနှစ်တွေမှာ နိုင်ငံခြားသားတွေလည်း အ၀င်များတယ်။ ဆီးဂိမ်းလဲ စတော့မယ်ဆိုတော့ အပြင်ကလာသူတွေ များလာရင် သူတို့တွေ အဆင်ပြေအောင် ဒီဘက်က ကြိုလုပ်တဲ့ သဘောပါ။ ကတ်ကိုင်ဆောင်သူတွေ အဆင်ပြေတာပေါ့။”

အမေရိကန်ကုမ္ပဏီ ၂ ခုဟာ လတ်တလောမှာတော့ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်တို့နဲ့ လက်တွဲထားနှင့်ပြီးဖြစ်ပြီး ထူးကုမ္ပဏီအုပ်စုနဲ့ အခုမှ အစပြုမှာ ဖြစ်ပါတယ်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဒီနှစ်ဆန်းပိုင်းမှာ ခွင့်ပြုခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးတေဇဟာ သူ့ရဲ့လုပ်ငန်းတွေထဲက အကျိုးအမြတ်ရတဲ့ ကုမ္ပဏီတွေကို အများပိုင်ကုမ္ပဏီတွေအဖြစ် ပြောင်းလဲပြီး အများ ပြည်သူကို ရှယ်ယာတွေ ထုတ်ရောင်းပေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013