DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်ခရီးစဉ် ဆိုင်းငံ့
DVB
·
May 8, 2013
၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်ခရီးစဉ် ဆိုင်းငံ့
Donate to DVB

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့ကို သွားရောက်မယ့် မေ ၇ ရက်နေ့ခရီးစဉ်အတွင်း လူတချို့ဟာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ဆန္ဒပြပြီး ရုန်းရင်းဆန်ခတ် အခြေအနေ ဖန်တီးဖို့ရှိကြောင်း သတင်းရတဲ့အတွက် ခရီးစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ မြန်မာနိုင်ငံတ၀န်း ခရီးစဉ်တွေ အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွှေ့ဆိုင်းလိုက်ရတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်ကို ဒေသခံ လူထုတွေ အပါအ၀င် သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုဆိုဖို့ စီစဉ်ထားပေမယ့် လူတချို့က မသိနားမလည်တဲ့ ရွာသားတွေကို ခေါ်ယူပြီး ရုန်းရင်းဆန်ခတ် အခြေအနေ ဖန်တီးမယ့်အကြောင်း သတင်းရရှိခဲ့တယ်လို့ ဦးဂျင်မီက ပြောပါတယ်။

[caption id="attachment_34862" align="alignright" width="300" caption="ဦးဂျင်မီ"][/caption]

“တာဝန်ရှိတဲ့ ရဲတွေထက် ပိုပြီး ဩဇာရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မှာပေါ့။ အဲလူတွေ ရွာတွေဆီက မသိနားမလည်တဲ့ ရွာသားတွေကို ခေါ်လာတယ်လို့ ဆိုတယ်။ ပြီးတော့ ၈၈ တွေကို တံတားထိပ်ကနေပြီး ဆိုင်းဘုတ်တွေ တောင်ပြီး ကန့်ကွက်ဆန္ဒပြမယ်ဆိုပြီး ကြိုတင်ပြင်ဆင်ထားတယ်လို့ ကျနော်တို့ သိရတယ်။ ဒိထက်ဆိုးတာက ရုန်းရင်းဆန်ခတ်ဖြစ်အောင်ပါ လုပ်ပစ်မယ်ဆိုတဲ့ သတင်းတွေရတယ်။ ”

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ နိုင်ငံရေး ပါတီမဟုတ်သလို ပြည်သူလူထု အကြောက်တရားတွေ လျော့နည်းပြီး မိမိ ရသင့်တဲ့ အခွင့်အရေးတွေ ရရှိပြီး တိုင်းပြည် တည်ဆောက်ရာမှာ ကူညီဖို့အတွက် ပွင့်လင်းခရီးစဉ်ကို သွားရောက်တာလို့ ပြောပါတယ်။

“သွားတဲ့အခါမှာ သူတို့ရဲ့ ခံစားချက်တွေ၊ ဒီမိုကရေစီအမြင်တွေ၊ ကျင့်စဉ်တွေ၊ ပွင့်လင်းတဲ့လူအဖွဲ့အစည်းတခုကို ဘယ်လို ထူထောင်သလဲဆိုတာတွေ ဆွေးနွေးပြောဆိုကြတာပါ။ ကျနော်တို့ ပါတီတခုအတွက် မဲဆွယ် စည်းရုံးတာမဟုတ်ဘူး။ ဘာကိုစိုးရိမ်တာလဲဆိုတာ ကျနော်တို့ မေးခွန်းထုတ်ချင်ပါတယ်။ အဲလူတွေကို ဘာလို့ ဒီလူတွေကို ဆန္ဒပြချင်တာလဲ။ သေချာတာက ဒီမိုကရေစီမလိုချင်ဘူးဆိုတဲ့သဘောပဲ။”

ခရီးစဉ် ရွှေ့ဆိုင်းလိုက်တာနဲ့ပတ်သက်ပြီး ဦးဂျင်မီက “ကျနော်တို့က အခုချိန်မှာ ဒီမိုကရေစီလိုချင်တဲ့သူတွေအားလုံး၊ ပြုပြင်ပြောင်းလဲမယ့် ပုဂ္ဂိုလ်တွေအားလုံး နိုင်ငံတော်သမ္မတကအစ ဟိုအောက်ခြေ၀န်ထမ်းတွေအထိ အားလုံးက ပူးပေါင်းဆောင်ရွက်နေတဲ့ ကာလဖြစ်တယ်။ အဲတော့ ဒီမိုကရေစီသမားတွေ ပူးပေါင်းပြီး ပြုပြင်ပြောင်းလဲနေတဲ့အချိန်မှာ ဒီလို ပြဿနာဖြစ်မယ့် ကိစ္စမျိုးတွေဆိုရင် ပြဿနာကို ဖန်တီးတဲ့ ကိစ္စမျိုးတွေဆိုရင် ကျနော်တို့ ပါဝင်ပတ်သက်မှာ မဟုတ်ဘူး။ ပြဿနာကိုလည်း အဖြစ်ခံမှာမဟုတ်ဘူး။ ဒါပေမယ့် သေချာတာတခုက အဲဒီနယ်ပယ်ထဲမှာ ဒီမိုကရေစီအတွက် ပိတ်ပင်တားဆီးမှုတွေ ဖြစ်နေမယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့ ပေါင်းပြီး အဲဒီနေရာကို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ ထိထိရောက်ရောက် လုပ်နိုင်အောင် ကျနော်တို့ ကြိုးစားမယ်။”

ပြဿနာတစုံတရာ မရှိဘဲ ဒေသခံတွေက ထပ်မံဖိတ်ခေါ်မယ်ဆိုရင် ဟိုပန်ကို သွားရောက်မယ်လို့ ဆိုပါတယ်။
၈၈ မျိုးဆက် ဟိုပန်ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့အပေါ် ဒေသခံ ကိုအောင်ကိုဝင်းက “လုံခြုံရေးအနေအထားက စိတ်မချရတဲ့ အနေအထား ကြုံလာတယ်။ ဒေသအာဏာပိုင်တွေက မည်သို့မည်ပုံလုပ်သလဲဆိုတာတော့ အတိအကျ မပြောနိုင်ဘူးပေါ့။ ဒါပေမယ့် စိုးရိမ်ရေမှတ်တွေ တွေ့ကြုံလာရတဲ့အတွက် ပွဲရက်ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် ၀မ်းနည်းတယ်။ ဘာလို့လဲဆို ဟိုပန် ပြည်သူလူထုကို အသိပညာတွေ၊ အကြောက်တရားတွေ ပပျောက်သွားအောင် ပွင့်ပွင့်လင်းလင်း လာဆွေးနွေးပေးမယ့်၊ ပြည်သူတွေ ချစ်မြတ်နိုး အားကိုးယုံကြည်နေတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်မြို့မှာ သတ်မှတ်ထားတဲ့ရက်မှာ ဆွေးနွေးပွဲ မကျင်းပလိုက်နိုင်တာကိုတော့ ၀မ်းနည်းပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013