Home
မြန်မာသတင်း
ကယားပြည်နယ်တွင် ယာဉ်လိုင်းများနှင့် ဈေးများ ပြန်ဖွင့်
နော်နိုရင်း
·
June 2, 2020
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကယားပြည်နယ်အတွင်းချမှတ်ထားတဲ့ စည်းကမ်းချက်တချို့ ဖြေလျှော့ပေးလိုက်ပြီး ရပ်နားထားတဲ့ ခရီးသွားယာဉ်လိုင်းနဲ့ ဈေးတွေ ဇွန်လ ၁ ရက်နေ့ ကစပြီး ပြန်လည် ဖွင့်လှစ်လိုက်ပါတယ်။ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကယားပြည်နယ်မှာ ခရီးသွားယာဉ်လိုင်းတွေ ၂ လနီးပါးရပ်နားပြီးနောက် ဇွန်လ ၁ ရက်နေ့ ကစပြီး ယာဉ်လိုင်းတွေ ပြန်လည်ပြေးဆွဲခွင့်ပြု လိုက်တာဖြစ်ပါတယ်။ ခရီးသွားယာဉ်လိုင်းပြန်လည်ပြေးဆွဲပြီဖြစ်ပေမယ့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်အတိုင်း လူတဝက်နှုန်းတင်ဆောင်တာ၊ လက်သန့်ဆေးနဲ့ Mask တပ်ဆင်တာတွေကိုတော့ လိုက်နာဆောင်ရွက်ရမှာဖြစ်တယ်လို့ ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများအား စနစ်တကျကြီးကြပ်ရေးကော်မတီရုံးအုပ် ဦးဝင်းမောင်က ပြောပါတယ်။  “ကျနော်တို့ ယာဉ်လိုင်းတွေ ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေရှိပါတယ်။ ယာဉ်မောင်းတွေ၊ ခရီးသွားပြည်သူတွေ mask တပ်ရမယ်တို့၊ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေအားလုံးခေါ်ပြီးတော့ တစောင်စီပေးပြီးတော့မှ ၁ ရက်နေ့ကစပြီးတော့မှ ယာဉ်လိုင်းကိုပြန်ပြေးဆွဲပေါ့နော်။” ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည် ထက်ဝက်သာတင်ဆောင်ရမှာဖြစ်တာကြောင့် အရင်က ကောက်ခံထားတဲ့ ယာဉ်စီးခ နှုန်းထားတွေထက် နှစ်ဆပေးရတဲ့ အပေါ် ကျပ် ၅၀၀၀ လျှော့ကောက်ခံဖို့  အစိုးရအဖွဲ့ရုံးက ညွှန်ကြားထားပါတယ်။ လွိုင်ကော်-ရန်ကုန်ကားလိုင်းတွေဆိုရင် အရင်က ရိုးရိုးကား ကျပ် ၁၅၀၀၀ ကျသင့်ရာကနေ အခု ၂၅၀၀၀ ကောက်ခံမှာဖြစ်သလို VIPအထူးကားကတော့ အရင်က ကျပ် ၁၈၅၀၀ ကောက်ခံရာကနေ အခု ၃၂၀၀၀ ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒီလိုအလားတူ ပြည်နယ်တွင်း ပြေးဆွဲနေတဲ့တခြားယာဉ်လိုင်းတွေကလည်း  ကားခ ၂ ဆ အပေါ်မှာ ကျပ် ၄၀၀၀၊ ၂၀၀၀ စသဖြင့် လျှော့ပြီး  ကောက်ခံသွားမှာဖြစ်ပါတယ်။ အလားတူ ကယားပြည်နယ်အတွင်း ဧပြီ ၁ ရက်နေ့ကစပြီး တပတ် ၃ ကြိမ်သာ ဖွင့်လှစ်ရောင်းချရတဲ့ ဈေးတွေကိုလည်း  တပတ်ကို ၆ ရက် ပြန်လည် ဖွင့်လှစ်  ရောင်းချခွင့်ပြုလိုက်ပါတယ်။ တနင်္ဂနွေနေ့ တရက်ထဲကိုသာ ပိုးသတ်ဆေးဖျန်းဖို့ ဈေးပိတ်ထားမှာဖြစ်ပြီး ကျန်ရက်တွေကိုတော့ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချမှာဖြစ်ပြီး ဈေးရောင်း၊ ဈေးဝယ်တွေအနေနဲ့ ပြည်နယ်အစိုးရကချမှတ်ထားတဲ့ MASK တပ်ဆင်ဖို့ အစရှိတဲ့ စည်းကမ်းချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။ မေလ ၃၁ ရက်နေ့ကထုတ်ပြန်ထားတဲ့ ပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ကယားပြည်နယ် အတွင်းသို့ ပြည်ပနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူအားလုံးနဲ့ ရန်ကုန်တိုင်းက STAY AT HOME သတ်မှတ်ထားတဲ့ အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်မှလာသူအားလုံး community Based facility  Quarantion  ၂၁ ရက် နဲ့ home quararntion  ရက် ဝင်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သတ်မှတ်ထားတဲ့နေရာတွေက မဟုတ်ဘဲ ကိုယ်ပူချိန်မြင့်တက်ပြီး ရောဂါကူးစက်တယ်လို့ သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနမှာ ဆေးကုသမှုခံယူရမယ်လို့ ထုတ်ပြန်ထားပါတယ်။ အင်းစိန်၊ မရမ်းကုန်းမြို့နယ်နဲ့ ပြည်ပကနေ ပြန်လာသူကလွဲရင်  ကျန်ဒေသကနေ ကယားပြည်နယ်ဝင်ရောက်လာသူတွေ Quarantin ဝင်ရောက်ဖို့ မလိုအပ်တော့ပေမယ့် ကယားပြည်နယ်အတွင်းရှိမှာရှိတဲ့ အလည်အပတ်နေရာအားလုံးကိုတော့  ဇွန်လ ၁၅ ရက်နေ့အထိ ဆက်လက် ပိတ်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024