A d v e r t i s e m e n t With Us

ဥရုဂွေးနိုင်ငံတွင် မရိန်းတပ်သား ၃ ဦး ပစ်သတ်ခံရ

ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမြို့မှာ ဆက်သွယ်ရေး ဧရိယာတိုင်ကို စောင့်ကြပ်နေတဲ့ ကမ်းတက် မရိန်းတပ်သား ၃ ယောက် မေ ၃၁ ရက်က အသေပစ်သတ်ခံရလို့ ၃ ရက်ကြာ နိုင်ငံတော် ဝမ်းနည်းခြင်းနေ့အဖြစ် ကြေညာခဲ့ပါတယ်။ မရိန်းတပ်သား လူငယ် ၃ ယောက်စလုံးရဲ့ ခေါင်းတွေကို သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး တိုက်ခိုက်ခံရတဲ့ အကြောင်းရင်းကို သိရဖို့ စုံစမ်းစစ်ဆေးတာတွေ စလုပ်နေပါပြီ။ မရိန်းတပ်သားတွေ ကိုင်တဲ့ ၉-မမ ပစ္စတိုသေနတ် ၃ လက်လည်း ပျောက်နေလို့ ဒီလက်နက်တွေအတွက် တိုက်ခိုက်တယ်ဆိုတဲ့ သံသယ ပိုကြီးလာခဲ့ပါတယ်။ ဥရုဂွေး သမ္မတကလည်း သေဆုံးသွားတဲ့ မရိန်းတပ်သားတွေအတွက် တရားမျှတမှုရရှိရေး ဆော်သြခဲ့ပါတယ်။ ပုံမှန်အားဖြင့် ငြိမ်သက်လေ့ရှိတဲ့ ဥရုဂွေးနိုင်ငံမှာ အခု သတ်ဖြတ်မှုကို ပြည်လုံးကျွတ် ဒေါသထွက် ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရေးဥပဒေ အာဏာတည်အောင်လုပ်ဖို့ သြဇာအာဏာသစ်ပေးရေး အောက်လွှတ်တော်မှာ အဆိုပြုချက်အသစ်ကို ပြဋ္ဌာန်းဖို့ အစိုးရတွင်း ဘက်ပေါင်းစုံက အမတ်တွေက ကြိုးစားနေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up