DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး လိင်တူချစ်သူ ၂ ဦးကြား အချစ်ကို ပုံဖော်ထားသည့် ဝိုင်းစုခိုင်သိန်းသီချင်း- Sunshine (ရုပ်သံ)
DVB
·
June 2, 2020
အမျိုးသမီး လိင်တူချစ်သူ ၂ ဦးကြား အချစ်ကို ပုံဖော်ထားသည့် ဝိုင်းစုခိုင်သိန်းသီချင်း- Sunshine (ရုပ်သံ)
Donate to DVB

       “ဒီမနက် အရင်ထက်… သတိရပါတယ်… စိတ်နဲ့ကိုယ်နဲ့ တခြားစီပဲ… အွန်လိုင်း ပေါ်မှာလည်း မင်းပျောက်နေတယ်… မင်းအကြောင်း ဘယ်က ကြားရမလဲ… အဆင်ပြေ ရဲ့လား…. မေးချင်လိုက်တာ… မဆိုင်ပေမယ့်လည်း… ငါစိတ်ပူတယ်… ချစ်သူရယ်”

       ဒါကတော့ ပေါ့ပ်သီချင်းချိုချိုအေးအေးလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းတပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

       “Sunshine”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ခင်ပွန်းဖြစ်တဲ့ အဆိုတော် အောင်လက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဝိုင်းစုခိုင်သိန်းရဲ့ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ “နွားကျောင်းသူ”တေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

       “You are always be mine… Sunshine… ဟိုးအဝေးဆုံးက နေရဲ့ အလင်းလို… ငါ့အနားမှာ အမြဲ နွေးလို့နေဆဲ… အကြိမ်ကြိမ် လာလိုက်ပြန်လိုက် မင်းကို… မုန်းရမယ့် သူဆိုလည်း… ချစ်နေတုန်း... ခဏလေးချစ်ပြီး ထားခဲ့ပေမယ့်”

       ဒီသီချင်းကိုတော့ အမျိုးသမီးလိင်တူချစ်သူ ၂ ယောက်ကြားက ချစ်ခြင်းမေတ္တာတ ရားကို ဆန်းပြားတဲ့ ပုံစံတမျိုးနဲ့ ရိုက်ကူးပုံဖော်ထားခဲ့တာဖြစ်ပြီး ဝိုင်းစုခိုင်သိန်းနဲ့ လိမ္မော် သီးတို့က ပါဝင်သရုပ်ဆောင်ထားကြတာပါ။

       “ဘယ်သူရဲ့ ရင်ထဲ… မင်းရှိနေမလဲ… စိတ်ကူးမိရုံနဲ့ မျက်ရည်ဝဲ… အရင်က ငါတို့ Chit Chat တွေလည်း… Screenshot တို့ကြည့်ပြီး လွမ်းမိဆဲ… အဆင်ပြေရဲ့လား…. မေးချင်လိုက်တာ… မဆိုင်ပေမယ့်လည်း… ငါစိတ်ပူတယ်… ချစ်သူရယ်”

       ဝိုင်းစုခိုင်သိန်းဟာ အသက် ၃၃ နှစ်အရွယ် ရှိနေခဲ့ပြီဖြစ်ကာ သရုပ်ဆောင် မော်ဒယ် တယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ် ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “မက်လောက်စရာ”တေးအယ်လ်ဘမ်နဲ့ အဆိုတော်တယောက်အဖြစ်ပါ ပရိသတ်လက်ခံ အားပေးမှုရရှိခဲ့သူ ဖြစ်ပါတယ်။

       အဲဒီနောက်မှာတော့ “မျက်လှည့်”၊ “အာဘွား”၊ “ဂါ”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေ ဆက်တိုက်ထွက်ရှိခဲ့သလို အတွဲသီချင်းခွေတွေမှာလည်း သီဆိုအောင်မြင်ခဲ့သူ ဖြစ်ပါ တယ်။

ခုနောက်ဆုံးထွက်ရှိထားတဲ့ နွားကျောင်းသူ တေးအယ်လ်ဘမ်ကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက The Sun Music ကနေ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013