ရန်ကုန်မြို့ရှိ ခုတင် ၅၀၀ ဆေးရုံမီးလောင်မှုဖြစ်ပွား
DVB
·
June 2, 2020
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်ရှိ ခုတင် ၅၀၀ ဆံ့ ဆေးရုံမှာ ဇွန်လ ၁ ရက် ညနေ ၅ နာ ရီ ၂ဝ မိနစ်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဆေးရုံရဲ့ ၅ ထပ်ဆောင်သစ်ရှိ ဓာတ်မှန်ခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူနာတွေအပါအဝင် တခြားသူတွေ ထိခိုက်ဒဏ်ရာရရှိသူတော့ မရှိခဲ့ပါဘူး။
မီးလောင်ရာကို မီးသတ်နဲ့ကယ်ဆယ်ရေးအဖွဲ့တွေကလာရောက်ပြီး လူနာတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ပြီး ညနေ ၅နာရီ ၄၂ မိနစ်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo - Jpaing / MPA