Home
မြန်မာသတင်း
အင်းလေးကန် ပြုပြင်မှုတွင် အင်းတိုင်းရင်းသားများကို ပါဝင်စေလို
DVB
·
May 7, 2013
အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု ပင်မစီမံချက် လုပ်ငန်းစဉ်တွေမှာ ဒေသခံအင်းတိုင်းရင်းသားတွေကို ယုံယုံကြည်ကြည် လုပ်ကိုင်ခွင့်ပေးစေချင်တယ်လို့ အင်းတိုင်းရင်းသားဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ နော်ဝေနိုင်ငံနဲ့  ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (ယူအန်ဒီပီ) က အင်းလေးကန်ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ဒေါ်လာ ၂.၆ သန်း မြန်မာနိုင်ငံကို လှူဒါန်းထားပါတယ်။ [caption id="attachment_38629" align="alignright" width="300" caption="ဖောင်တော်ဦးဘုရားမှ နန်းပန်အလိုတော်ပေါက်ဘုရားသွားရာ ရေလမ်းခရီး ၂၀၁၃ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ မြင်ကွင်း (Photo _ Al Nyi(ပင်နီ) )"][/caption] ရရှိထားတဲ့အလှူငွေတွေနဲ့ အင်းလေးကန်ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်တဲ့အခါမှာ ဒေသခံအင်းတိုင်းရင်းသားများ မပါဝင်တာကို အင်းဝန်ကြီးက ပြောဆိုလိုက်တာပါ။ ဒါကြောင့် ၂ နှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေကြတဲ့ လက်ရှိစီမံကိန်းရဲ့ လက်ကျန် ၁ နှစ်သက်တမ်းမှာ အင်းသားတွေကိုလည်း ပါဝင်ခွင့်ပေးစေလိုတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။ အင်းလေးကန်ပြုပြင်ရေးကို လုပ်နေပေမယ့် ဒေသခံတွေ ပါဝင်မှုမရှိတာဟာ လုပ်ငန်းကို နှောင့်နှေးစေတယ်လို့ အင်းလေးကန်ထိန်းသိန်းရေး လုပ်ငန်းစဉ်တွေ လုပ်နေတဲ့ ဒေသခံ ကိုရေအေးက ပြောပါတယ်။ အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေးအတွက် အင်းတိုင်းရင်းသားရေးရာဝန်ကြီးက မနှစ်က စက်တင်ဘာနဲ့ ဒီဇင်ဘာတွေမှာ သမ္မတရုံးနဲ့ သစ်တောရေးရာဝန်ကြီးဌာတို့ကို တင်ပြထားခဲ့ပေမယ့် အခုအချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အင်းတိုင်းရင်းသားဝန်ကြီးက အင်းလေးကန် ပြန်လည်ပြုပြင်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး အခုအချိန်ကစ ဒေသခံပြည်သူတွေကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ပြီး စနစ်တကျဆောင်ရွက်နိုင်မှ အချိန်မီနိုင်မယ်လို့လည်း ပြောပါတယ်။ ရာသီဥတု ပြောင်းလဲမှုပြဿနာတွေကြောင့် နှစ်စဉ်ဆိုသလို ရေခန်းခြောက်တဲ့ပြဿနာကို ရင်ဆိုင်နေရတဲ့ အင်းလေးကန်ဟာ နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားတွေရဲ့စိတ်ဝင်စားမှုကို ပိုမို ရရှိနေပါတယ်။ ၂၀၁၂ ခုနှစ် ပထမ ၄ လတာကာလမှာ အင်းလေးကန်ကို လာရောက်လည်ပတ်ခဲ့တဲ့ နိုင်ငံခြားသား အယောက် ၂ သောင်းကျော်သာရှိခဲ့ပေမယ့် အင်းလေးကန် ရေခန်းခြောက်လာတာကို စိတ်ဝင်စားပြီး လာရောက်ကြတဲ့ ခရီးသွားအရေအတွက်ဟာ ၄ သောင်းကျော်ရှိတယ်လို့ အင်းဝန်ကြီးက ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024