မက္ကဆီကိုတွင် မေ ၃၁ ရက်နေ့က ကိုဗင်-၁၉ လူနာ ၁၅၁ ဦး သေဆုံး

961
မက္ကဆီကိုနိုင်ငံမှာ မေလ ၃၁ ရက်မှာတင် ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၁၅၁ ဦး သေဆုံးခဲ့ပြီး သေဆုံးသူဦးရေ ၉,၉၃၀ ဦး ရှိပြီလို့ သိရပါတယ်။
မက္ကဆီကို လက်ထောက်ကျန်းမာရေးဝန်ကြီးအဆိုအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ဦးရေဟာလည်း ၉၀,၆၆၄ ဦး ရှိလာတယ်လို့ သိရပါတယ်။
မက္ကဆီကိုမှာ ကိုဗစ်နိုင်-၁၉ တိုက်ဖျက်ရေးအတွက် ရှေ့တန်းက လုပ်ဆောင်နေတဲ့ ဆေး ဘက်ဆိုင်ရာ ဝန်ထမ်းတွေကလည်း သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သေဆုံးမှုအတွက် ၁ မိနစ် ငြိမ်သက် မတ်တပ်ရပ်ပြီး ဆုတောင်းခဲ့ပါတယ်။
သူတို့ဟာ ရီဖော်မာရိပ်သာလမ်းမှာ ချီတက်ခဲ့ပြီး လူနာတင်ကားတွေကလည်း အရေးပေါ် အချက်ပေးသံတွေ ဖွင့်ပြီး ကျဆုံးသွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဂုဏ်ပြုခဲ့ကြပါတယ်။
ဒါက ကျန်းမာရေးလုပ်သားတွေနဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့တဲ့သူတွေကို အဖွဲ့အစည်း ပေါင်းစုံက စုစည်းဂုဏ်ပြုတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။