Home
မြန်မာသတင်း
စင်ကာပူနိုင်ငံမှ ဆဋ္ဌမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁၅၀ ကျော် ရန်ကုန်ပြန်ရောက် 
DVB
·
June 1, 2020
စင်ကာပူနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးကာလ အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၅၀ ကျော်ကို မေလ ၃၁ ရက်မှာ ဆဋ္ဌမအသုတ်အဖြစ် အစိုးရက ကယ်ဆယ်ရေးလေယာဉ်နဲ့  မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားတာကြောင့် စင်ကာပူ နိုင်ငံမှာ အခက်အခဲကြုံတွေ့ နေရတဲ့ မြန်မာနိုင်ငံသား ၁၅၁ ဦးကို မြန်မာအမျိုးသား လေကြောင်းလိုင်း (Myanmar National Airlines-MNA)ကယ်ဆယ်ရေးလေယာဉ်နဲ့ ဆဋ္ဌမ အသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ မနေ့ညနေက  ရန်ကုန်လေဆိပ်သို့ ပြန်ရောက်လာတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ပြန်ရောက်လာသူတွေကို ကျန်းမာရေးစိစစ်ပြီး  (၂၁) ရက်တာ အသွားအလာ ကန့်သတ် စောင့်ကြပ် quarantine ထားရှိ ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ စင်ကာပူနိုင်ငံမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့  ပြန်လည်ခေါ်ဆောင်နေရာမှာ  ပထမအသုတ်အဖြစ် ၁၄၄ ဦးအား မေ ၇ ရက်နေ့တွင် လည်းကောင်း၊ ဒုတိယအသုတ်အဖြစ် ၁၄၄ ဦးအား မေ ၉ ရက်နေ့တွင် လည်းကောင်း၊ တတိယအသုတ်အဖြစ် ၁၄၅ ဦးအား မေ ၁၃ ရက်တွင် လည်းကောင်း၊ စတုတ္ထအသုတ်အဖြစ် ၁၄၄ ဦးအား လည်းကောင်း၊ ပဉ္စမအသုတ်အဖြစ် ၁၄၅ ဦးအား လည်းကောင်း ပြန်လည်ခေါ်ဆောင်ခဲ့ပြီးဖြစ်သည့်အတွက် ယနေ့ ဆဋ္ဌမအသုတ် အပါအဝင် စုစုပေါင်း ၈၃၇ ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံ- MOFA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024