Home
အနုပညာ
အလှမယ်ထက်ထက်ထွန်းပါဝင် သရုပ်ဆောင်ထားသည့် အောင်ထက်၏ “သဘာဝနှင့်တွေ့ဆုံခြင်း” သီချင်း (ရုပ်သံ)
DVB
·
June 1, 2020
       “ညလေးတည လလေးကမသာ… ဘဝလေးထဲ… သူလေးရောက်လာ ဘယ်သူလဲ မေးတာ မမေးပါနဲ့… ဂစ်တာလေးနဲ့ ဆိုငြီးတဲ့အခါ အိုသီချင်းသည်… ကိုယ်နှလုံးသား… ခဏလေးအတွင်းမှာ ကျွမ်းဝင်ခဲ့”        ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက လူငယ်တေးသံရှင် အောင်ထက်ရဲ့ နာမည် ကြီးသီချင်းတပုဒ်ထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။        “သဘာဝနှင့် တွေ့ဆုံခြင်း”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ နာမည်ကြီး တေးရေးဆရာ ရွှေဂျော်ဂျော်က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး အော်ဒီယိုတေးတပုဒ်အနေ နဲ့ ထွက်ရှိထားခဲ့ပြီး လက်ရှိမှာတော့ ရိုက်ချက်အသစ်တွေနဲ့ ထွက်ရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ “ဂါထာ မန္တာန်တွေအထက် အစွမ်းထက်သော… နှုတ်ခမ်းလေးနဲ့… ရင်ခုန်မှော်ဝင် စေသည် ဒီအခန်းထဲ… နာမည်ဘယ်လိုခေါ်လဲ အတင်းသာ မေးကြည့်တော့ကွယ်… သူ့ နာမည်… သဘာဝလို့ ပြောခဲ့တယ်” အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ အဆိုတော် အောင်ထက်ဟာ အိပ်မက်ဆုံရာ ရာ သက်ပန် သီချင်းဆိုပြိုင်ပွဲမှတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ ပြိုင်ပွဲတလျှောက်မှာ ထူးခြားတဲ့ ကိုယ်ပိုင်ဟန် သီဆိုပုံတွေကြောင့် ထင်ရှားသလို Winner ဆုရရှိခဲ့ပြီးတဲ့နောက်မှာတော့ ပရိသတ်အားပေးလက်ခံမှုနဲ့ အောင်မြင်တဲ့ အဆို တော်တယောက် ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ဟေ့… မိတ်ဆွေ၊ မျက်ရည်နှင့် ပွင့်သောပန်း၊ နှစ် စတဲ့ တေး အယ်လ်ဘမ်တွေ ထွက်ရှိထားခဲ့ပြီဖြစ်တဲ့ အောင်ထက်ရဲ့ သီချင်းတွေဟာ ပရိသတ်တွေ ကြားမှာ ရေပန်းစားနေခဲ့ပြီ ဖြစ်ပါတယ်။        “အိုး... အိုး... အိုး... အို... အချစ်တွေရယ် သူလေ သင်ပေးတယ်… အို... အိုး... အိုး... အို... သူ့နာမည် သဘာဝလို့ ပြောခဲ့တယ်… အို... အိုး... အိုး... အို...အိုး... အို... အိုး... အို...အို... အိုး... အိုး... အို...အိုး... အို... အိုး... အို… ဘဝလေးက လလေးကမသာ ညလေးထဲ… သူလေးရောက်လာ ကိုယ့်နှလုံးသားရဲ့ မီးအိမ်ပဲ… ခဏလေးပါ ခဏလေးပဲ ဆိုတဲ့ သီချင်းရယ်… သူဆိုပြတဲ့အခါ ကိုယ့်နှလုံးက နားမလည်”        ဒီမြူးဇစ်ဗီဒီယိုထဲမှာတော့ အလှမယ် ထက်ထက်ထွန်းက အောင်ထက်နဲ့အတူ ပါ ဝင် သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး ဒါရိုက်တာ ထက်မြတ်ဖြိုး(T Creation)ရဲ့ ဖန်တီးမှု လက်ရာ ရိုက်ချက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ “ဂျစ်ပစီတွေလို… အကြာကြီး မငြိတွယ်တတ်တဲ့အသည်းနဲ့… လေနှင်ရာ နှင်နေ တဲ့ ခရီးသည်... အာရုံချိန်မှာ ကိုယ့်နဘေးနားကို စမ်းသပ်ကြည့်တော့ကွယ်… အေး စက်သော ကွက်လပ်တခု တွေ့တယ်”        ဒီသီချင်းကိုတော့ အောင်ထက်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ် မှတဆင့် မျှဝေပေးခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အ ကြိမ်ရေ ၅ သိန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024