A d v e r t i s e m e n t With Us

နိုင်ငံတကာ သတင်းထောက်တွေကို ဆိုက်ရောက်ဗီဇာ ပေးနေ

မြန်မာသံရုံး မရှိတဲ့နိုင်ငံတွေက နိုင်ငံတကာသတင်းထောက်တွေကို ဆိုက်ရောက်ဗီဇာ ပေးတော့မှာဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သုတေသန သတင်းအချက်အလက် ဦးစီးဌာနက ညွန်ကြားရေးမှူး ဦးမြင့်ကျော်က ပြောပါတယ်။ ဒါ့အပြင် မြန်မာသံရုံးရှိတဲ့နိုင်ငံတွေက သတင်းထောက်တွေအနေနဲ့လည်း အရေးပေါ်အခြေအနေမျိုး သတင်းယူစရာအတွက် မြန်မာနိုင်ငံကို လာရောက်တဲ့အခါ ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သုတေသန သတင်းအချက်အလက် ဦးစီးဌာနက ညွန်ကြားရေးမှူး ဦးမြင့်ကျော်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up