ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
June 1, 2020
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတက်ရောက်မယ့် ကိုယ်စားလှယ်တွေကို ဓာတ်ခွဲနမူနာယူ ရယူစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရဘူးလို့ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကလူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့ညကထုတ်ပြန်မယ့် ဓာတ်ခွဲနမူနာအဖြေစာရင်းမှာ ဓာတ်ခွဲနမူနာယူထားတဲ့ တိုင်းဒေသကြီး ကိုယ်စားလှယ်တွေစာရင်းလည်း ပါတယ်လို့ ဆိုပါတယ်။
တိုင်းဒေသကြီးကိုယ်စားလှယ်တွေအနေနဲ့မေ ၂၉ ရက် နေ့လယ်ပိုင်းက စတင်ကာ သတ်မှတ်ထားတဲ့ စမ်းချောင်းမြို့နယ်က Hotel Sanchaung မှာ Quarantine နေထိုင်ပြီးနောက် မေလ ၃၀ ရက်နေ့ မနက်ပိုင်းက ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဇွန် ၂ ရက်မှ ၉ ရက်အထိ ကျင်းပမယ့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၂၀) ကို တက်ရောက်ရမှာဖြစ်ပြီး အစည်းအဝေးကို စာရင်းပေးသတင်းပေးပို့ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ၈၂ ဦး ရှိပါတယ်။
ညီငယ်