DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာဒုက္ခသည်များ ထားရှိမည့်နေရာနှင့်ပတ်သက်ပြီး ကန့်ကွက်
DVB
·
May 6, 2013
Donate to DVB

ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကျောက်ဖြူမြို့နယ်မှာ ရှိတဲ့ ချိန်ကာရီဒေသမှာ နေရာချထားဖို့ စီစဉ်နေတဲ့ အပေါ် ဒေသခံတွေက ကန့်ကွက်ဆန္ဒပြကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို ကျောက်ဖြူမြို့နယ် အုန်းတောအုပ်စုမှာရှိတဲ့ ချိန်ကာရီမှာ ပြန်လည်နေရာချထားပေးမယ်ဆိုတာကြောင့် အနီးဝန်းကျင်က ရွာပေါင်း ၃၀ က လူတွေ ထောင်ချီစုဝေးပြီး ကန့်ကွက်ခဲ့ကြပါတယ်။

မနေ့ကနဲ့ ဒီနေ့ ၂ ရက်လုံး ရွာသားတွေ ကန့်ကွက်ဆန္ဒပြကြတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ရွာတွေက ဒေသခံတွေဟာ သူတို့ရဲ့ တံငါလုပ်ငန်းအတွက် အဲနေရာကို မှီခို အားထားနေရတယ်။ ဒေသခံတွေရဲ့ နယ်မြေဆုံးရှူံးတော့မယ်ဆိုပြီး လက်မခံဘူး။ နောက် အဲနေရာမှာ လာထားရင် အဲနားကဒေသခံတွေဟာ လယ်လဲလုပ်ကိုင်တော့ ရာသီမရွေးလုပ်ရတာလေ၊ မိုးချုပ်တဲ့အခါလည်း ရှိမယ်။ ဒေသခံအမျိုးသမီးတွေအတွက် ဘယ်လိုမှ ကိုက်ညီမှာမဟုတ်ဘူး။ ကျနော်တို့ ပတ်ဝန်းကျင် အစဉ်အဆက်မှာ မရှိခဲ့တဲ့အတွက် ဘယ်လိုမှ လက်မခံဘူး။”

ကျောက်ဖြူ၊ မြေပုံနဲ့ စစ်တွေမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ချိန်ကာရီမှာ နေရာချထားပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့ သွားရောက်ကန့်ကွက်ခဲ့တဲ့ ပှိုက်စေ့ကေရွာက ဦးဇင်းတပါးက “ဦးဇင်းတို့နဲ့က ဘာသာရော၊ လူမျိုးရော မတူဘူးလေ။ သူတို့နဲ့ ဦးဇင်းတို့နဲ့ ပဋိပက္ခတွေဖြစ်ထားတာ အများကြီး။ ဒါကြောင့် ဒီမှာနေရာချထားတာမလုပ်ဖို့ ကန့်ကွက်ဆန္ဒပြတာ” လို့ ပြောပါတယ်။

တူရကီအစိုးရ အကူအညီနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အိမ်ဆောက်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး မတ်လဆန်းပိုင်းတုန်းကလည်း  ကျောက်တော်မြို့မှာ  သံဃာတော်တွေအပါအ၀င် မြို့သူမြို့သားတွေရဲ့ ကန့်ကွက် ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013