Home
မြန်မာသတင်း
နိုင်ငံအချို့တွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၈၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
May 30, 2020
တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအချို့မှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသား ၁၈၀ ကျော်ကို ကယ်ဆယ်ရေး လေယာဉ်နဲ့ မနေ့ညက ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာခရီးသည်တင် လေယာဉ်တွေ ဆိုက်ရောက်တာကို မြန်မာနိုင်ငံက ယာယီပိတ်ထားတာကြောင့် အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြန်လာလို့မရ ဖြစ်နေခဲ့တာပါ။ မနေ့ညက ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား ၅၂ ယောက်၊  ကနေဒါ၊ ဂျာမနီ၊ နော်ဝေ၊ ကာတာ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတို့ကိုရောက်နေတဲ့ မြန်မာနိုင်ငံသား ၄၂ ယောက်၊ စုစုပေါင်း ၉၄ ယောက်တို့ကို အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကတဆင့် (Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံသားတွေကို ပြန်ပို့တဲ့ (Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ်ရဲ့ အပြန်ခရီးစဉ်မှာ ထိုင်းမှာ အခက်အခဲတွေ့နေတဲ့ မြန်မာနိုင်ငံသား ၉၄ ယောက်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ သူတို့ကို ရန်ကုန်မှာပဲ အသွားအလ ာစောင့်ကြပ်ကြည့်ရှုမယ်လို့ ဆိုပါတယ်။ ပြည်ပနိုင်ငံတွေကိုရောက်ပြီး ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားစုစုပေါင်း ၂၅၀၀ ကျော်ကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခေါ်နိုင်ခဲ့ပြီလို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ လက်ရှိမှာတော့ စင်ကာပူ၊ မလေးရှား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတို့မှာ ရောက်နေသူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်ခေါ်နေပြီး တခြားနိုင်ငံတွေမှာ ရောက်နေသူတွေကိုလည်း ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတို့ကို ဆုံရပ်သတ်မှတ်ပြီး ပြန်ခေါ်ပေးနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024