Home
သတင်းဓာတ်ပုံ
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ၈၀ ကျော်၏ ဓာတ်ခွဲနမူနာ စစ်ဆေး (ဓာတ်ပုံ)
DVB
·
May 30, 2020
YM274401
YM274325
YM274273
YM274269
YM274261
YM274255
YM274164
YM274111
YM274049
YM274009
YM273926
YM274231
ဟိုတယ် Quarantine ဝင်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၈၀ ကျော်ကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် ကိုယ်စားလှယ်တွေဟာ မေ ၂၉ ရက်နေ့ နေ့လယ်ပိုင်းက စတင်ကာ ဟိုတယ်မှာ ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး တက်ရောက်မယ့် ကိုယ်စားလှယ် ၈၂ ဦးရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာတွေကို ဒီနေ့ ရယူစစ်ဆေးခဲ့တာပါ။ တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကို ဇွန် ၂ ရက်ကနေ ၉ ရက်အထိ တဆက်တည်း ကျင်းပမှာဖြစ်ပြီး လွှတ်တော်နဲ့ ဟိုတယ်ကလွဲရင် ပြင်ပကို ဝင်ထွက်သွားလာခွင့်မရှိဘူးလို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြဋ္ဌာန်းချက်နဲ့အညီ အပူချိန်တိုင်းစစ်ဆေးတာ၊ လွှတ်တော်ထိုင်ခုံတွေကို ၆ ပေအကွာခြား ထားရှိတာ၊ လက်ဆေးဘေစင် ထားရှိတာတွေ ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှု ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း အယောက် ၁၃၀ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။ Photo - Ye Myo Khant / MPA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024