ဆိုင်ကယ်စီးသူများ စုပေါင်းပြီး Mask များ လှူဒါန်းပေးဝေ (ဓာတ်ပုံ)

ဆိုင်ကယ်စီးသူတွေ စုပေါင်းကာ Mask တွေ လှူဒါန်းပေးဝေတာကို မေ ၃၀ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းအတွင်းရှိ ထောက်ကြံ့လမ်းဆုံမှာ ပြုလုပ်ခဲ့ကြပါတယ်။ Speed Fighter MC, Nature Of Traveller MC, Northern Knights MC, Myanmar Peace Bikers MC အဖွဲ့တို့ စုပေါင်းကာ ကိုဗစ်-၁၉ ရောဂါကို တဖက်တလမ်းမှ ထိန်းချုပ်ကာကွယ်ဖို့အတွက် ပြည်သူလူထုအား Mask အခုရေ ၂၀၀၀ ကို ထောက်ကြံ့ လမ်းဆုံမီးပွိုင့်၊ ရတနာစျေးရှေ့နဲ့ လမ်းသစ်မှတ်တိုင် စစ်သင်္ချိုင်းတဝိုက်တို့မှာ မနက် ၇ နာရီကျော်ကနေ ၉ နာရီအထိ အခမဲ့ လှူဒါန်းပေးခဲ့ကြပါတယ်။ Photo - JPaing / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up