DVB Logo
Home
မြန်မာသတင်း
ကိုရဲမင်းဦးကို တရားစွဲမှု မခိုင်လုံကြောင်း ရှေ့နေပြော
DVB
·
May 6, 2013
ကိုရဲမင်းဦးကို တရားစွဲမှု မခိုင်လုံကြောင်း ရှေ့နေပြော
Donate to DVB

ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီ (အထွေထွေအတွင်းရေးမှူး) ကိုရဲမင်းဦးကို တရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ကိုရဲမင်းဦးရဲ့ ရှေ့နေက ပြောပါတယ်။

ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ) အထွေထွေအတွင်းရေးမှူး ကိုရဲမင်းဦးကို ဒီနေ့ သာကေတမြို့နယ်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ တရားလိုကို စစ်ဆေးပေမယ့် တရားလိုဘက်က ခိုင်လုံတဲ့ သက်သေ မရှိဘဲ ကိုရဲမင်းဦးကို တရားစွဲဆိုထားတယ်လို့ သူရဲ့ရှေ့နေ ဦးကျော်ဟိုးက ပြောပါတယ်။

[caption id="attachment_38145" align="alignleft" width="300" caption="ကိုရဲမင်းဦး"][/caption]

“သူတို့ စွဲတဲ့အမှုက သက်သေကြည့်တော့ တရားလိုကိုယ်တိုင်က ကိုယ်တိုင်သိတာမရှိဘူး။ သူများပြောလို့ တရားစွဲရတယ်။ သက်သေတွေကြည့်တော့လည်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေပါတယ်။ ဆိုလိုတာက ကိုရဲမင်းဦးက သွေးထိုးလှုံ့ဆော်တယ်ဆိုရင် လှုံ့ဆော်ခံရတဲ့ အများပြည်သူက သက်သေပါရမယ်။ အဓိက အရေးကြီးတဲ့အချက်က တရားလို မြို့နယ်ရဲမှူးလာပြောသွားတာက ကိုရဲမင်းဦးဟာ သွေးထိုးလှုံ့ဆော်တယ်သာပြောတယ်၊ သူဟာ ဘာစကားတွေပြောသွားလို့လဲ၊ ဘယ်ဘာသာနဲ့ ဘယ်ဘာသာဖြစ်တာလဲဆိုတာလည်း ပြောမသွားဘူး။ ဘာသာအမည်တောင် ထွက်ဆိုမသွားဘူး။ နောက် ကိုရဲမင်းဦးဟာ ဘယ်လိုစကားအသုံးအနှုန်းနဲ့ သွေးထိုးလှုံ့ဆော်သလဲ ဆိုတာလည်း ရဲမှူးက မထွက်နိုင်ဘူး။ သွေးထိုးလှုံ့ဆော်တဲ့ဆောင်ရွက်မှုတွေက ဘာတွေလဲဆိုတာလည်း ထွက်ဆိုမသွားနိုင်ဘူး။ လက်ရှိ သူ့ထွက်ချက်အရဆိုရင်တော့ ကိုရဲမင်းဦးအမှုဟာ ခိုင်လုံမှုမရှိဘူးလို့ ပြောရမယ်။”

ဒါ့အပြင် ကိုရဲမင်းဦးကို တရားစွဲဆိုတာဟာ အခင်းဖြစ်ပွားပြီး ၂ လလွန်မှာ တရားစွဲဆိုတဲ့အတွက်လည်း ဒါဟာ ရိုးသားမှုမရှိဘူးလို့လည်း ရှေ့နေဦးကျော်ဟိုးက ပြောပါတယ်။

“ဖေဖော်ဝါရီလမှာဖြစ်တယ်၊ တရားစွဲတော့ ဧပြီမှာ။ ဒါက မဖြစ်သင့်ဘူး။ တကယ်ပြစ်မှုကျူးလွန်တယ်ဆိုရင် အခင်းဖြစ်ပြီး သိပ်မကြာခင် စွဲဆိုရမှာပေါ့။ အခုက ဧပြီလကျမှ၊ အခုအစစ်ခံနေတဲ့ တရားလို မြို့နယ်ရဲမှူးကို တိုင်းရဲတပ်ဖွဲ့ရုံးက ရဲမှူး မြင့်မောင်ကနေ ကိုရဲမင်းဦးဟာ ပြစ်မှုကျူးလွန်တယ်လို့လာပြောလို့ သူက တရားရုံးမှာလာတိုင်တယ်၊ တရားစွဲတယ်။ ဆိုလိုတာက ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘူး ဒါက။”

ဒီကနေ့ ရုံးချိန်းမှာ အများပြည်သူနဲ့ဆိုင်တဲ့တရားရုံးမှာ ရုံးထုတ်စစ်ဆေးပေမယ့် အများပြည်သူ ၀င်ရောက်နားထောင်ခွင့်မရှိဘူးလို့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က ပြောပါတယ်။

ကိုရဲမင်းဦးကို  ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်က ဗုဒ္ဓဘာသာတရားပွဲတွေမှာ သွေးထိုး လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလက ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ကိုရဲမင်းဦးကို မတ် ၂၅ ရက်ညက သူနေထိုင်ရာ ဗဟန်းမြို့နယ်ထဲက ဘုန်းကြီးကျောင်းကနေ အမည်မသိအရပ်ဝတ် ၂ ဦးက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။
ကိုရဲမင်းဦးရဲ့အမှုကို လာမယ့် မေလ ၂၀ ရက်နေ့မှာ ထပ်မံချိန်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013