ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် ၅ သင်း အပြိုင် စိတ်ဝင်စား

631
ဘာစီလိုနာ တိုက်စစ်ကစားသမား ဖိလစ်ပီကော်တင်ဟိုဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွှေ့လာဖို့ ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားစာချုပ်နဲ့ ကစားနေပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ကော်တင်ဟိုဟာ ရာသီအကုန်မှာ ဘာစီလိုနာအသင်းဆီ ပြန်ရမှာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်း တိုက်စစ်မှာလည်း ဂရစ်မန်းကို ခေါ်ယူထားတာကြောင့် ကော်တင်ဟိုကို ရောင်းချဖို့ ဆုံးဖြတ်ထားတာပါ။
လီဗာပူးအသင်းမှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ကော်တင်ဟိုကို ပရီးမီးယားလိဂ်ကလပ် ၅ သင်း လောက်အထိ ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
စပိန်သတင်းစာ မန်ဒို ဒီဗို့တီဗိုကတော့ ဖိလစ်ပီကော်တင်ဟိုကို ပရီးမီးယာ ကော်တင်ဟိုလို့ သတင်းစာမျက်နှာဖုံးမှာ ရေးသားခဲ့ပါတယ်။
ကော်တင်ဟိုကို ချဲလ်ဆီး၊ နယူးကာဆယ်၊ မန်ယူ၊ အာဆင်နယ်နဲ့ လက်စတာအသင်းတွေက ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။
ကော်တင်ဟိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၉၀ ရဖို့ ဘာစီလိုနာအသင်းက မျှော်မှန်း ထားပါတယ်။