ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မတီကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆို
DVB
·
May 6, 2013
လာမယ့် ဇူလိုင်လမှာ ကမ္ဘောဒီးယားမှာ ရွေးကောက်ပွဲကျင်းပတော့မှာပါ။ လူအတော်များများက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို ကျင်းပပေးနိုင်တဲ့ အရည်အချင်း ကမ္ဘောဒီးယားရွေးကောက်ပွဲ ကော်မရှင်မှာ ရှိရဲ့လားလို့ မေးခွန်းထုတ်လာကြပါတယ်။ ကော်မရှင်ဟာ ရွေးကောက်ပွဲမှာနိုင်လိမ့်ဦးမှာပဲလို့ အများကမှန်းထားတဲ့ အာဏာရပါတီရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့လည်း စွပ်စွဲခံနေ ရပါတယ်။
နိုင်ငံရဲ့ အကြီးဆုံးအတိုက်အခံပါတီက မကြာခင်ကပဲ ကော်မတီကို အရေးပေါ် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ကန့်ကွက်ဆန္ဒပြပွဲ တခုကို စည်းရုံးဖော်ဆောင်ခဲ့ပါတယ်။
သတင်းထောက် ဆွန်ဆာရတ်က ဖနွမ်းပင် ကန့်ကွက်ဆန္ဒပြပွဲကို သွားရောက် သတင်းယူထားပါတယ်။