ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ဇနီးအပါအဝင် ၈ ဦးကို အရေးယူပေးရန်  ဗိုလ်တထောင်ရဲစခန်း၌ တိုင်ကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ဇနီး ဒေါ်ခင်မိမိကြွယ် အပါအဝင် လူပုဂ္ဂိုလ် ၈ ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၂၅)နဲ့ အမှုဖွင့်အရေးယူပေးဖို့ တောင်ဒဂုံမြို့နယ်နေ ဦးစည်သူမြင့်က  မေလ ၂၉ ရက် မနက်က  ဗိုလ်တထောင်မြို့မရဲစခန်းမှာ လာရောက်တိုင်တန်းပါတယ်။ ဒီအမှုနဲ့ ပတ်သက်တဲ့တိုင်စာကို ရဲစခန်းကလက်ခံထားခဲ့ပြီး အမှုဖွင့်ဆောင်ရွက်ပေးလို့ ရ၊ မရ အထက်သို့တင်ပြပြီး အကြောင်းပြန်ပေးမယ်လို့  ဗိုလ်တထောင်စခန်း တာဝန်ရှိသူက တိုင်ကြားသူကို  ပြန်လည်ဖြေကြားခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၄၀)မှာ ဒီဥပဒေပြစ်မှုတွေကို ရဲအရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှုတွေအဖြစ်သတ်မှတ်တယ်လို့ ပြဋ္ဌာန်းထားလို့ တရားဥပဒေစိုးမိုးရေးကို လိုလားတဲ့ ပြည်သူတစ်ယောက်အနေနဲ့  တိုင်တာဖြစ်တယ်လို့ ဦးစည်သူမြင့်က ပြောပါတယ်။ မေလ ၂၄ ရက်မနက်က  ရန်ကုန် ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေချပူဇော်ခဲ့တာနဲ့ ပတ်သက်ပြီး  လူစုလူဝေးဖြစ်စေခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာ အများပြည်သူတွေဝေဖန်မှုတွေရှိခဲ့တာပါ။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ပွဲတော် ကျင်းပခဲ့တာ မရှိသလို ဥပဒေမဲ့ လုပ်ဆောင်ခဲ့တာ မရှိဖူးလို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မေလ ၂၆ ရက်ကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို အရေးယူပေးဖို့ ပခုက္ကူဒေသခံ ကိုသာထက်အောင်က  ပခုက္ကူမြို့မရဲစခန်းမှူးဆီမှာတိုင်ကြားပြီး  အမှုဖွင့်ဖို့ကြိုးစားခဲ့ရာမှာ ရဲစခန်းက အမှုဖွင့်မပေးဘဲ  ပယ်ချခဲ့ပါတယ်။ Photo - Ye Myo Khant / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up