အမေရိကန်တွင် လူမည်း ၁ ဦးသေဆုံးမှုကြောင့် ဆန္ဒပြပွဲများ ဆက်ဖြစ်

1K
ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းစဉ် သေဆုံးခဲ့ရတဲ့ လူမည်းတဦးအတွက် အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ် မင်နီယာနာပိုးလစ်မြို့မှာ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပါတယ်။
မေလ ၂၈ ရက်ညနေအထိ ဆန္ဒပြသူတွေဟာ လမ်းပေါ်မှာ ဆက်ရှိနေဆဲဖြစ်ပြီး မီးသတ်သမားတွေကလည်း မီးအကြီးအကျယ် လောင်တဲ့နေရာတွေကို လိုက်ငြှိမ်းသတ်နေ ရပါတယ် ။
ဖမ်းဆီးခံရတဲ့ လူမည်းအမျိုးသားဟာ လူဖြူရဲအရာရှိက လည်မျိုကို ဒူးနဲ့ ထောက် ဖမ်းခဲ့တာကြောင့် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
လူမည်းအမျိုးသားကို ဖမ်းဆီးမှုမှာ ပါဝင်တဲ့ ရဲဝန်ထမ်း ၄ ယောက်ကိုလည်း နောက်နေ့မှာ ရာထူးက ဖယ်ရှားခဲ့ပါတယ်။
မေလ ၂၈ ရက်မှာတော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ ဟင်နက်ပင်ခရိုင်အစိုးရဌာနရှေ့ကို မြို့လယ်ကနေ ချီတက်ခဲ့ပြီး ရဲဝန်ထမ်း ၄ ယောက်ကို အမြန်ဆုံးဖမ်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။