မော်လမြိုင်တွင် စည်းကမ်းမလိုက်နာသည့် စျေးဆိုင် ၅၀ ကို စတင်အရေးယူ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ စည်းကမ်းမလိုက်နာတဲ့ စျေးဆိုင် ၅၀ ကို ပထမဦးဆုံးအနေနဲ့ စတင် အရေးယူလိုက်ပြီလို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တွဲဖက်ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ စျေးအားလုံးကို မေ ၁၆ ရက်နေ့ကစပြီး ပြန်လည်ဖွင့်လှစ် ခွင့်ပြုထားပါတယ်။ စျေးသူစျေးသားတွေအနေနနဲ့ အရောင်းအဝယ် ပြုလုပ်ရာမှာ mask မဖြစ်မနေ တပ်ဆင်ရမယ့်အပြင် စျေးရောင်းချရင် ၁ ကြိမ်ကို ရောင်းသူ အပါအဝင် အများဆုံးလူ ၃ ဦးသာ ရောင်းချရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာတဲ့ စျေးဆိုင် ၅၀ ကို ပထမအကြိမ် အပြစ်ပေးတဲ့အနေနဲ့ စျေးရောင်းချခွင့် ၃ ရက် ပိတ်သိမ်းထားတယ်လို့ ဦးတင်ကိုကိုက ပြောပါတယ်။ စျေးရောင်းချတဲ့သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်ကမ်းချက် မလိုက်နာတဲ့ ဆိုင်တွေကို စစ်ဆေးတွေ့ရှိရင် ပထမအကြိမ် စျေးရောင်းချခွင့် ၃ ရက်၊ ဒုတိယအကြိမ် စျေးရောင်းချခွင့် ၁၀ ရက် ပိတ်သိမ်းသွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် တတိယအကြိမ် ကျူးလွန်ရင်တော့ စျေးရောင်းချခွင့် အပြီးသိမ်းသွားဖို့ ရှိနေပါတယ်။ သတင်း-ဇော်လွင်ထွဋ်

More News
Up