အိန္ဒိယတွင်ပိတ်မိနေသည့် သံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ် ၆၇ ဦး ထပ်မံရောက်ရှိ

အိန္ဒိယနိုင်ငံမှ သံဃာတော်တွေ၊ သာသနာနွယ်ဝင် သီလရှင်တွေနဲ့ လူပုဂ္ဂိုလ်တွေအပါအဝင်  စုစုပေါင်း ၆၇ ဦး မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေလ ၂၈ ရက်က ပြန်လည်ရောက်ရှိ လာတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံကို ပြန်လာဖို့ အခက်တွေ့နေတဲ့  အိန္ဒိယနိုင်ငံရောက် သံဃာတော် ၅၈ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၈ ပါးနဲ့ လူပုဂ္ဂိုလ် ၁ ဦး၊ စုစုပေါင်း ၆၇ ဦးတို့ကို သီတဂူဆရာတော်ဘုရားကြီး စီစဉ်တဲ့ လေယာဉ် တစ်စင်းနဲ့ ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ပြန်လည်ရောက်ရှိလာတဲ့ ရဟန်းရှင်လူတွေကို သီတဂူ ဝိပဿနာတက္ကသိုလ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်နဲ့ ဗုဒ္ဓဆေးရုံတို့မှာ Quarantine၂၁ ရက်ထားရှိ မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း အိန္ဒိယနိုင်ငံမှာ ပိတ်မိနေတဲ့ စာသင်သား သံဃာ ၊ သီလရှင် စုစုပေါင်း ၂၀၀ ကျော်နဲ့ လူပုဂ္ဂိုလ် ၄၀ ကျော်ကို သီတဂူဆရာတော်စီစဉ်တဲ့  စီးလုံးငှားလေယာဉ်နှစ်စီးနဲ့  ပြန်လည်ခေါ်ယူပြီး ဒီအထဲက  လူပုဂ္ဂိုလ် တစ်ဦးမှာပဲ ရောဂါးပိုး တွေ့ရှိခဲ့ပါတယ်။  ဓာတ်ပုံ- CINCDS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up