Home
မြန်မာသတင်း
မကွေးတိုင်းတွင် ယခုနှစ်အတွင်း ကမ်းပြိုဘေး ၁၆ ကြိမ်ဖြစ်၊ နေအိမ် ၁၉၀ ကျော်ရွှေ့ပြောင်း
DVB
·
May 29, 2020
101648880_2332455453722569_2035062209012301824_n
101500529_2332455177055930_381307200833847296_n
101359947_2332455147055933_6813589251414818816_n
100894268_2332455053722609_3385821404900360192_n
100570767_2332455083722606_8501081743099428864_n
100373811_2332455110389270_6495575635002392576_n
100085073_2332455420389239_1860495488059441152_o
100048085_2332455313722583_204957845114847232_n
99557367_2332455273722587_7894843432777023488_n
99427566_2332455350389246_6111602840025694208_n
မကွေးတိုင်းမှာ အခုနှစ်အတွင်း ကမ်းပြိုဘေး ၁၆ ကြိမ်ဖြစ်ပွားပြီး နေအိမ် ၁၉၀ ကျော် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက "ကမ်းပြိုဘေးဖြစ်ပွားခဲ့လို့ အိမ်ထောင်စု ၁၉၃ စု နဲ့ ဘာသာရေးအဆောက်ဦ ၁ လုံး ရွှေ့ပြောင်းပေးခဲ့ရပြီး လူဦးရေ ၇၆၀ ကျော် ဘေးသင့်ခဲ့ပါတယ်။ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်ဦတွေကို ကမ်းပါးပြိုကျမှု မဖြစ်ပွားနိုင်တဲ့ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့တာပါ။” လို့ ပြောပါတယ်။ ကမ်းပြိုဘေးသင့်ပြည်သူတွေအတွက် ဆန်ဖိုးငွေ ကျပ် ၁၂ သိန်းလောက်၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၇၅ သိန်းကျပ် စုစုပေါင်း ၁၈၇ သိန်းဖိုးလောက် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းအတွင်း ရေစကြို၊ ပခုက္ကူ၊ ရေနံချောင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ နှစ်စဉ် ကမ်းပြိုမှုအဖြစ်များပြီး ပွင့်ဖြူ၊ စလင်းမြို့နယ်တွေမှာလည်း ကမ်းပါးပြိုကျတာတွေ ဖြစ်ပွားတယ်လို့ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024