DVB

  • သတင်း
    • ဓာတ်ပုံ
    • နိုင်ငံရေး
    • ရွေးကောက်ပွဲ
      • ၂၀၁၅ ရွေးကောက်ပွဲ
    • စီးပွားရေး
    • နည်းပညာ
    • ကျန်းမာရေး
    • ပညာရေး
    • လူမှုရေး
    • ဘာသာရေး
    • စစ်ရေး
    • အနုပညာ
    • မှုခင်း
    • အားကစား
      • ONE CHAMPIONSHIP
    • သဘာဝပတ်ဝန်းကျင်/ရာသီဥတု
    • သတင်းမီဒီယာ
    • လယ်သမား
    • အလုပ်သမား
    • နိုင်ငံတကာ
    • တိုင်းရင်းသားရေးရာ
  • ဆောင်းပါး
    • သုံးသပ်ချက်
    • အာရွ​ေဒသ
  • အယ်ဒီတာအာဘော်
  • မေးမြန်းခန်း
  • ရင်ဖွင့်စာ
  • ငြိမ်းချမ်းရေး
  • ရွေးကောက်ပွဲ
    • ၂၀၂၀ ရွေးကောက်ပွဲ
    • Any Questions?
    • စဉ်းစဉ်းစားစား မဲတပြား
    • Your Vote
    • Party Profiles
    • My Vote
    • Election Bus
DVB

Lead Story ကျန်းမာရေး ဝူဟန် ကိုရိုနာဗိုင်းရပ်စ် သတင်း

တောင်ဥက္ကလာအပါအဝင် ရန်ကုန် ၄ မြို့နယ်ကို Stay at Home အစီအစဉ်မှ ထပ်မံပယ်ဖျက်

  • By ညီငယ်
  • 28 May 2020
  • Print
  • Email
    • Tweet

Email This Story :

  • Send Story

တောင်ဥက္ကလာပမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ် ၄ မြို့နယ်ကို Stay at Home အစီအစဉ်မှ ပယ်ဖျက်လိုက်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၂၈ ရက် နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မေလ ၂၉ ရက် ၄ နာရီ အချိန်ကစပြီး ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်နဲ့ တာမွေမြို့နယ်တို့မှာ နေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေး အစီအစဉ်ကို ပယ်ဖျက်လိုက်တာလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အမိန့်စာမှာ ဖော်ပြပါတယ်။

အဆိုပါမြို့နယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုနဲ့ ကပ်ဗေဒဆိုင်ရာ အချက်အလက်တွေအရ ရောဂါထိန်းချုပ်မှုနဲ့ စပ်လျဉ်းပြီး တိုးတက်မှုရှိတာကို တွေ့ရှိရလို့ ခုလို ပယ်ဖျက်ပေးလိုက်တာလို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ရောဂါကာကွယ်ရေးအတွက် ကန့်သတ်ပိတ်ဆို့မှုတွေ ပြည်လုံးကျွတ်အတိုင်းအတာလုပ်ဆောင်ပြီးနောက် သီတင်းပတ်တပတ်ကျော်ကြာ ပြည်တွင်းကူးစက်မှုနှုန်းမရှိခဲ့ကြောင်း၊ ဒီလို ပြည်ပကူးစက်မှုသာရှိတော့တဲ့အချိန် ဖြေလျှော့မှုတွေ လုပ်တော့မယ့် အချိန်မှာ စီးပွားရေးအပိုင်းကို ဦးစားပေးဖြေလျှော့ဖို့ လုပ်ဆောင်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဒီဗွီဘီကိုပြောပါတယ်။

“အခြေခံစီးပွားရေးကို ဖြေလျှော့ဖို့လုပ်ရမှာပေါ့။ တပိုင်တနိုင်စီးပွားရေးလုပ်ငန်းတွေကို အဓိကဦးစားပေးဖြေလျှော့ရမှာ အခုလည်း လက်ဖက်ရည်ဆိုင်တွေ ပြန်ဖွင့်နေပြီ။ ဖြေလျှော့တဲ့အထဲမှာ စာသင်ကျောင်းတွေလည်း ပါလာမယ်။ ကျန်းမာရေးနဲ့ အညီဖွင့်နိုင်အောင်ဆောင်ရွက်ရမယ်။ အသေးစားအလတ်စားလုပ်ငန်းတွေ ဒါမှ စီးပွားရေး နာလန် ပြန်ထူ။ ပြည်သူတွေလည်းအဆင်ပြေမှာပါ။ အရင်အတိုင်း ပြန်ရဖို့ဆိုတာ မနည်းကြိုးစားကြရမှာ။”

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ကလည်း ရန်ကုန်တိုင်းက ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့မှာနေထိုင်တဲ့ ပြည်သူတွေအတွက် နေအိမ်မှာနေထိုင်ရေးအစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာထိန်းချုပ်နိုင်ဖို့ ရန်ကုန်တိုင်း ၁၀ မြို့နယ်နဲ့ စစ်ကိုင်းတိုင်းက ၁ မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်က ပြည်သူတွေ မိမိနေအိမ်မှာသာနေထိုင်ကြဖို့ Stay at Home အစီအစဉ်ကို ကျန်းမာရေးဌာနက ချမှတ်ပေးထားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့် မြို့နယ်တွေအဖြစ် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ ဗဟန်း၊ ပန်းပဲတန်း၊ တောင်ဥက္ကလာပ၊ တာမွေ၊ ဗိုလ်တထောင်နဲ့ မင်္ဂလာဒုံမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ တို့ကိုသတ်မှတ်ခဲ့ပြီးနောက် အခုအခါ Semi lockdown စာရင်းဝင် stay at home နေထိုင်ရမယ့်မြို့နယ်ပယ်ဖျက်ရာမှာ ၉ မြို့နယ်ရှိသွားပါပြီ။

ဒါပေမဲ့ stay at home အစီအစဉ် ဆက်လက်နေထိုင်ရမယ့် စာရင်းမှာ အင်းစိန်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ်ကတော့ ကျန်နေပါသေးတယ်။

 

Tags: Covid-19Stay at Homeတောင်ဥက္ကလာပန်းဘဲတန်းပန်းဘဲတန်းမြို့နယ်ရန်ကုန် ၄ မြို့နယ်

  • Previous story ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ဇွန်လ ၁ ရက်ကစတင်  ဖြေလျှော့ပေးမည် 
  • Next story စားသောက်ဆိုင်များအပါအဝင် လူ ၅ ဦးထက်ပိုပြီး စုဝေးနိုင်သည့် လုပ်ငန်းများ ဖြည့်စွက်ကြေညာ
  • 2020Election
  • TV Live

  • DVB TV News – ရုပ်သံ သတင်း

  • Facebook Any Question
  • DVB – Today Special Show

  • Ethnic

    Facebook

    DVB SMS

    Facebook

  • သတင်းဓာတ်ပုံ

    • gallery

      မုန့်ဖက်ထုပ်ရောင်းပြီး မိသားစု ဝင်ငွေရှာပေးနေတဲ့ ၉ နှစ် ကလေးငယ် (ဓာတ်ပုံ)

    • gallery

      ဦးဝီရသူနှင့်အကျဥ်းသားများ ရုံးထုတ်ခွင့်ရရှိရေး ဆန္ဒပြ၊ ၁ ဦး ဖမ်းဆီးခံရ (ဓာတ်ပုံ)

    • gallery

      ကိုဗစ်ကာကွယ်ရေးအတွက် အဝါရောင်ကမ်ပိန်း တညင်းကုန်းဈေးတွင် ပြုလုပ် (ဓာတ်ပုံ)

    • gallery

      ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးဆိုင် မီးလောင်

    • gallery

      မြန်မာ့ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် ဝဇီရာရုပ်ရှင်ရုံဟောင်းတွင် ပိုစတာများပြသ (ဓာတ်ပုံ) 

  • DVBSatellite

    DVB LAW LAB

    Movie Crazy

    Talk to DVB

  • Most Popular

    • Viewed
    • Comments
    • Recent
    • 01 မကွေးမြို့နယ်တွင် တရားမဝင် ဝက်ပေါ်နေမှုကို ဖမ်းဆီးရာက ရုန်းရင်းဆန်ခတ်ဖြစ်
    • 02 အောင်မင်္ဂလာ ကားဝင်းအတွင်း ကျပ်သိန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
    • 03 ရန်ကုန်တိုင်း မြို့နယ်ပေါင်း ၂၀ ကျော် လျှပ်စစ်မီး အချိန်ပိုင်း ပြတ်တောက်မည်
    • 04 အင်ဒိုနီးရှားပျက်ကျလေယာဉ်၏ Black box  တည်ရှိရာနေရာ တွေ့ရှိ
    • 05 တူမ၏မဖွယ်မရာဓာတ်ပုံပြသခဲ့သည့် အမျိုးသား ၁ ဦးကို ဦးလေးဖြစ်သူက သတ်မှုဖြစ်ပွား
    • 01 ဝယ်လက်မရှိသဖြင့် မုံရွာ ကျောက္ကာရေနံချက်ဖိုလုပ်ငန်း ၁၅၀ ခန့် ရပ်နား
    • 02 ကိုဗစ်-၁၉ လူနာသစ် ၄၄၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၃ ဦးထပ်တိုး
    • 03 ဆလုံကျွန်းအနီး ငါးသယ်လှေနစ်မြုပ်၊ ရေကြောင်းရဲက ကူညီကယ်ဆယ်
    • 04 ကြို့ပင်ကောက် ရွှေညီလာခန်းမဆောင် ကွာရန်တင်းစင်တာကို ဦးဇင်းတပါးက မီးရှို့
    • 05 တန့်ဆည်မြို့တွင် မီးလောင်မှုကြောင့် နေအိမ် ၁ လုံးနှင့် ကား ၂ စီးဆုံးရှုံး
    • 01 ကိုဗစ်-၁၉ လူနာသစ် ၄၄၉ ဦးတွေ့ရှိ၊ သေဆုံးသူ ၁၃ ဦးထပ်တိုး
    • 02 အသင်းတိုင်းကို အနိုင်ယူနိုင်သည့် ယုံကြည်ချက်ရှိဟု မက်ဂွိုင်းယား ပြော
    • 03 လစ်ဗျား တာဟွန်နာမြို့တွင် အစုလိုက်မြှုပ်ထားသည့် မြေပုံထဲက အလောင်း ၂ လောင်း ထပ်တွေ့
    • 04 ဖာနန်ဒက်စ်ကို လီဗာပူးနည်းပြ ကလော့ပ်ချီးကျူး
    • 05 လားရှိုးတွင် ကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
  • DVB
  • Facebook
  • Live
  • Audio
  • Video
  • သတင်း
  • နိုင်ငံရေး
  • စီးပွားရေး
  • လူမှုရေး
  • ကျန်းမာရေး
  • ဘာသာရေး
  • ပညာရေး
  • အလုပ်သမား
  • လယ်သမား
  • အနုပညာ
  • စစ်ရေး
  • မှုခင်း
  • နိုင်ငံတကာ
  • သတင်း
  • အာရှဒေသ
  • အားကစား
  • ဆောင်းပါး
  • ေရဒီယုိ
  • DVB Radio Daily
  • Ethnic Radio
  • မေးမြန်းခန်း
  • လွှတ်တော်ရေးရာ
  • သုံးသပ်ချက်
  • သတင်းတို
  • Privacy Policy
  • Contact

© Copyright 2013 DVB.