Home
မြန်မာသတင်း
စင်ကာပူပြန် ၁၄၀ ကျော်တွင် ရောဂါပိုးမတွေ့၊ မနက်ဖြန် နေရပ်ပြန်မည်
ညီငယ်
·
May 28, 2020
ကယ်ဆယ်ရေးလေယာဉ်နဲ့ စင်ကာပူနိုင်ငံကနေ ပထမအသုတ်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၁၄၄ ယောက်ကို ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ ရောဂါပိုးမတွေ့လို့ သူတို့နေရပ်တွေကို မနက်ဖြန်ပြန်ပို့တော့မယ်လို့ စင်ကာပူပြန်တွေ နေရပ်ပြန်ရေးစီစဉ်ပေးတဲ့ အမေ့အိမ်အပြန်အဖွဲ့ ခေါင်းဆောင် ကိုကောင်းဆက်က ဒီဗွီဘီကိုပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ကယ်ဆယ်ရေးလေယာဉ်နဲ့ရောက်ရှိလာတဲ့ စင်ကာပူပြန် ၁၄၄ ယောက်ထဲမှာ ကိုယ်ဝန်ဆောင်သည် ၄၄ ယောက်အပါအဝင်  ကျောင်းသူ/ကျောင်းသားတွေ၊ အလုပ်သမားတွေပါဝင်ပြီး သူတို့ကို ပုလဲမြို့သစ်က မြရွှေပင်သဒ္ဓမ္မသုခရိပ်သာမှာ ၂၁ ရက် Quarantine ထားပြီးနောက် ဓာတ်ခွဲနမူနာယူစစ်ဆေးရာမှာ နှစ်ကြိမ်လုံး Negative ပြခဲ့တာပါ။ စင်ကာပူပြန် ၁၄၄ ယောက်ဟာ ကချင်၊ ရှမ်း၊ မန္တလေး၊ စစ်ကိုင်းစတဲ့ နေရပ်အသီးသီးကို ပြန်ရမှာဖြစ်ပြီး ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ Quarantine ၂၁ ရက်ပြည့်ပြီးနောက် မနက်ဖြန်ပိုင်းကစပြီး သူတို့နေရပ်တွေကို ပြန်ရမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024