ဘန်ကောက်နှင့် မဲဆောက်အချုပ်ထောင်တို့မှ မြန်မာ ၅၂ ဦးကို ပြန်လည်လွှဲပြောင်း (ဓာတ်ပုံ)
DVB
·
May 28, 2020
ဘန်ကောက် လူဝင်မှုကြီးကြပ်ရေးဌာန (ITC) အချုပ်ထောင်နဲ့ မဲဆောက် အချုပ်ထောင်တို့မှာ အချုပ်ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၅၂ ဦးကို မေ ၂၇ ရက် ညနေ ပိုင်းက ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ ဝင်ပေါက်မှာ ထိုင်းအုပ်ချုပ်ရေး တာဝန်ရှိသူတွေက လာရောက်လွှဲပြောင်း ပို့ဆောင်ခဲ့ပါတယ်။
ဘန်ကောက် လူဝင်မှုကြီးကြပ်ရေးဌာန အချုပ်ထောင်မှာ ကျန်ရှိနေသေးတဲ့ မြန်မာနိုင်ငံသား ၃၀၀ ကျော်အား ကျန်းမာရေးစစ်ဆေးမှုတွေ ခံယေပြီး ထပ်မံလွှဲပြောင်ပေးဖို့ ထိုင်း-မြန်မာ တာဝန်ရှိသူတွေ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ မဲဆောက်အခြေစိုက် မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
Photo - Saw Tar Tu / MPA