Home
ရုပ်သံ
နန့်မွန်းမြို့မှ “ရှားပါးမျိုးစိတ်ဝင် အသေကောင်ပန်းပွင့်ကြီး” (ရုပ်သံ)
DVB
·
May 28, 2020
       “ရှားပါးမျိုးစိတ်ဝင် အသေကောင်ပန်းပွင့်ကြီး”ဆိုတဲ့အမည်နဲ့ ဆန်းပြားတဲ့ အဆင်းနဲ့ ပန်းပွင့်ကြီးရဲ့ ပုံတွေကို ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ ပြုလုပ်နေကြပြီး နာမည်ကြီးနေပါတယ်။        အဆိုပါ ပန်းပွင့်ရဲ့ ပုံတွေကိုတော့ Nang Mee Mee အမည်နဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ တယောက်က ခုလိုရေးသားပြီး မျှဝေထားခဲ့တာပါ။        “အိမ်နောက်ဖေးက ခြံထဲမှာ အပွင့်အကြီးကြီး ပွင့်နေတာလှလိုက်တာ။ အပြင်ပန်း ကြည့်ရင်း အရမ်းလှတယ် ပုပ်စော်နံလို့ မခံနိုင်ပါ။ တခြံလုံး ပုပ်နံ့တွေ လှိုင်လို့။ နောက်မှ အဖြေတွေ့တော့တယ် ဒီအပွင့်ကြီး။ (တချို့လူတွေလိုပေါ့ ရုပ်ကလေးကလှပါရဲ့ စိတ်နေ စိတ်ထားကပုပ်)၊ ဘာပန်းလဲ...သိလား”        အဲဒီပို့စ်အောက်မှာတော့ ကွဲပြားခြားနားတဲ့ မှတ်ချက်တွေနဲ့အတူ တမဟုတ်ချင်း နာမည်ကြီးနေခဲ့ပြီး တချို့က ထူးဆန်းတဲ့ ပန်းပွင့်ကြီးက ဘာပန်းလဲ၊ ဘယ်လိုအမျိုးအစားလဲစတဲ့ မှတ်ချက်တွေနဲ့ မေးမြန်းမှုတွေလည်း ရှိနေခဲ့ကာ တချို့ကတော့ ဒါဟာ နိမိတ်မရှိတဲ့ အလောင်းပန်းကြီး၊ အိမ်မှာ မစိုက်သင့်ဘူးလို့ မှတ်ချက်ပေးတာတွေလည်း ရှိနေတာ ဖြစ်ပါတယ်။        မှတ်ချက်ပေးသူတယောက်ကတော့ ဒီပန်းပွင့်ကြီးနဲ့ ပတ်သက်ပြီး “ဒီအသေကောင် ပန်းပွင့်က အပွင့်ရဲ့အရှည်ဟာ ၁၅ပေလောက်ထိမြင့်တက်နိုင်တဲ့ ကမ္ဘာအကြီးဆုံး ပန်းပွင့် တွေထဲပါဝင်ပါတယ်။ တပွင့်ထဲမှာအဖိုအမဝတ်ဆံပါတယ်။ ပန်းပွင့်နေတဲ့အခါတွေမှာ ပုတ်ဆွေးနေတဲ့ အလောင်းကောင်ရဲ့ အနံ့တွေရှိလို့ အသေကောင်ပန်းလို့ခေါ်ကြတယ်။ ဘာလို့ အပုတ်နံ့ထွက်လဲဆိုရင် မျိုးဆက်ပွားဖို့ အတွက် အသားစား insects တွေ ယင်ကောင်တွေရဲ့ အကူအညီယူဖို့အတွက်ဆွဲဆောင်ချင်လို့ အပုတ်နံ့နဲ့အပူချိန်ရှိတာကြောင့် အသေကောင် ထင်ပြီး insects တွေလာနားကြပါတော့တယ်။ ဒါပေမဲ့ အကောင်တွေကလည်း စားစရာ မဟုတ်လို့ ပြန်ထွက်သွားကြပေမဲ့ ဝတ်မှုံတွေ ပါသွားတော့ မျိုးပွါးဖို့ အထောက်အပံ့ တော့ရတယ်။ ဒီပန်းပွင့်က တခါပွင့်ဖို့နှစ်များစွာအချိန်ယူရတဲ့အတွက် သူဟာ ကမ္ဘာ့ရှား ပါး အပင်တွေထဲပါဝင်နေပါသေးတယ်။ ဒီပုံက မြေကျစ်လို့ အပွင့်သေးနေသေးတာ တကယ်ဆိုရင် ဒီထက် ၃ ဆလောက်အထိ ကြီးနိုင်ပါတယ်။ ရုက္ခဗေဒနဲ့ဘွဲ့ရထားလို့ လိုက် ရှာရသလောက်ရေးလိုက်တာပါ”လို့ မှတ်ချက်ရေးထားတာကိုလည်း တွေ့ရပါတယ်။        လတ်တလောမှာတော့ ဒီပန်းပွင့်ကြီးနဲ့ ပတ်သက်ပြီး ထင်ရာမြင်ရာ မှတ်ချက်တွေ နဲ့ သို့လောသို့လော ဖြစ်နေသူတွေအတွက် ပို့စ်ပိုင်ရှင်က ရုပ်သံဗွီဒီယိုဖိုင်နဲ့ ခုလိုရေးသားခဲ့ပြီး ထပ်မံမျှဝေထားခဲ့တာပါ။        “ကဲ ရော့ Video File မဖြေချင်တော့ဘူးနော်။ နန်းမီးတို့ရဲ့ ကချင်ပြည်နယ် မိုးညှင်း ခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ " နန့်မွန်းမြို့" မြို့မအနောက်ရပ်ကွက် အိမ်အနောက်ခြံထဲမှာ ပွင့်တာပါရှင်။ မနက်ဖြန်မှ သေချာရိုက်ပေးမယ်”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024