DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကြက်သားဈေး သုံးချိုးနှစ်ချိုးကျရေး ကြိုးပမ်းနေ
DVB
·
May 3, 2013
မန္တလေးတွင် ကြက်သားဈေး သုံးချိုးနှစ်ချိုးကျရေး ကြိုးပမ်းနေ
Donate to DVB

မန္တလေးတိုင်းဒေသကြီးမှာ အများပိုင်ကုမ္ပဏီတခုက လက်ရှိကြက်သားပေါက်ဈေးကို လျော့ကျအောင် ကြိုးပမ်းနေပါတယ်။

မန္တလေးတိုင်းအတွင်း ကြက်သား ၁ ပိဿာ လက်ရှိပေါက်ဈေး ကျပ် ၆၀၀၀ ကနေ ၄၀၀၀ ထိ သက်သာတဲ့ ဈေးနဲ့ အများသူငါ ၀ယ်သူစားသုံးနိုင်ဖို့ ကြက်သတ်စက်ရုံတရုံ တည်ဆောက်ရေးအတွက် ကုမ္ပဏီအုပ်စုတစုက ကြိုးစားနေပါတယ်။

မန္တလေးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီရဲ့ ဒါရိုက်တာ ဒေါက်တာနေသူရိန်က သူတို့ကုမ္ပဏီက ပုသိမ်ကြီးမြို့နယ်မှာ စက်ရုံတည်ဖို့ ပြည်နယ်အစိုးရထံ ခွင့်ပြုချက်တောင်းခံထားတယ်လို့ ပြောပါတယ်။ လတ်တလောမှာ ကြက်သားထုတ်လုပ်စက်ရုံကိုပဲ ဦးစားပေးဆောင်ရွက်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ကြက်သားထုတ်စက်ရုံလုပ်မယ်။ နောက် ကြက်ဥဖောက်စက်၊ ကြက်သားပေါက်ဖောက်တဲ့ လုပ်ငန်းလုပ်မယ်။ အစာလည်းလုပ်မယ်။ အစာလည်း ဖြန့်မယ်။ ကြက်သားကို ၁ ပိဿာ ၄၀၀၀ နဲ့ ရောင်းနိုင်အောင်လုပ်မယ်။ အခု ခြံဈေးက ၃၂၀၀ မှာ ဈေးမှာရောင်းတာက ၅၅၀၀ နဲ့ ၆၀၀၀ ရောင်းတယ်လေ။ ၅၅၀၀ ရောင်းရင် ၂၃၀၀ ကွာမယ်၊ ၆၀၀၀ ရောင်းရင် ၂၈၀၀ ကွာမယ်။ ကြက်သားက အဲလိုဈေးနှုန်းဟနေတယ်။ ကြက်ဥမှာ ခြံကကောက်ဈေး ၂၃၀၀ ဈေး၊ လက်လီရောင်းသူတွေက ၂၅၀၀ ဆိုတော့ သိပ်မကွာဘူး။”

တဦးကို အစုရှယ်ယာ သိန်း ၅၀၀ နဲ့ စုစုပေါင်း ၃၁ ဦး ထည့်ဝင်မတည်ထားတဲ့  သိန်း ၁၅၀၀၀ ကျော်ရှိနေပြီလို့ ဆိုပါတယ်။ မြေနေရာကိုတော့ ပုသိမ်ကြီးမြို့နယ်ထဲမှာ ၃ ဧက ၀ယ်ထားပြီး ခွင့်ပြုချက်ရတာနဲ့ စက်ရုံဆောက်မယ်လို့ ပြောပါတယ်။

ကြက်သတ်စက်ရုံအတွက် လိုအပ်တဲ့ပစ္စည်းမှာယူဖို့နဲ့ လုပ်ကိုင်မယ့်လုပ်ငန်းတွေတော့ လျာထားသတ်မှတ်ပြီးပြီလို့ သူက ပြောပါတယ်။

“ကြက်သားသတ်စက်ရုံအတွက် စက်ကိုတော့ အိန္ဒိယကမှာယူဖို့ပြင်ထားတယ်။ ကြက်စာကိုတော့ ပြည်တွင်းမှာပဲလုပ်မယ်။ ကြက်စာကိုတော့ အခု မထုတ်ရသေးဘူး။ အဓိက ကြက်သားစက်ရုံအရင်စဖို့ပါ။”

လတ်တလောမှာတော့ မန္တလေးဈေးကွက်အတွက်သာ လျာထားပြီး အောင်မြင်ရင် ကျန်တိုင်းနဲ့ပြည်နယ်တွေကို ချဲ့သွားမယ်လို့ ဒေါက်တာနေသူရိန်က ပြောပါတယ်။

လုပ်ကိုင်ခွင့်အခြေအနေနဲ့ပတ်သက်လို့ သိရအောင် မန္တလေးတိုင်း ဒေသကြီး အစိုးရကို မေးဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013