Home
မြန်မာသတင်း
ဖားကန့်တွင် ကျပ်သိန်း ၁၃၀၀ ကျော် မူးယစ်ဆေးများ ထပ်မံဖမ်းမိ
DVB
·
May 28, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ မေ ၂၇ ရက်မနက်က မူးယစ်ဆေးတွေနဲ့အတူ အမျိုးသား ၂ ဦးကို ထပ်မံဖမ်းဆီးအမှုဖွင့်နိုင်ခဲ့တယ်လို့ ဖားကန့်ရဲစခန်းက သိရပါတယ်။ မူးယစ်ဆေးဝါးတရားခံ ဒေါ်အေးယိန်ကို မေးမြန်းထွက်ဆိုချက်အရ သူ့ထံကို မူးယစ်ဆေးဝါး လာရောက်ပို့ဆောင်သူဟာ ဆိပ်မူ ရပ်ကွက် (၄) နေ ဟော်ကျင်ရှော့ဖြစ်တယ်လို့ သိရတဲ့အတွက်  နယ်မြေခံရဲတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့တွေက သက်သေတွေနဲ့အတူ ဟော်ကျင်ရှော့ရဲ့ နေအိမ်ကို ဖမ်းဝရမ်းနဲ့ ဆက်လက်ရှာဖွေခဲ့တာပါ။ သူ့ရဲ့နေအိမ်မှာ ဟော်ကျင်ရှော့နဲ့အတူ မူးယစ်အရောင်းဝယ်ပြုသူ ဂမ်ဆိုင်းတို့ကို အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အိမ်အပေါ်ထပ်ကနေ စိတ်ကြွရှုးသွပ်ဆေးပြား ပန်းရောင်ဆေးပြား ၂၆၆၀၀ ပြား၊ အလေးချိန် ၂၆၆၀ ဂရမ် (ကာလတန်ဖိုး ကျပ် ၁၃၃,၀၀၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးတွေ တရားမဝင်လက်ဝယ်ထားရှိ သယ်ဆောင်ရောင်းဝယ်ခြင်းပြုလုပ်သူ ဟော်ကျင်ရှော့ ၂၄ နှစ်နဲ့  ဂမ်ဆိုင်း ၂၅နှစ် တို့ကို မူးစိတ်ပုဒ် ၁၉(က)/၂၁ နဲ့ ဖားကန့်ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်။ သတင်း-မုန်းမုန်းမင်း 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024