ဆန်ချိုအတွက် ဆန်းချက်ဇ်ကို အလိုက်ပေးကမ်းလှမ်းရန် မန်ယူအသင်းပြင်ဆင်

1K
မန်ယူအသင်းဟာ ဒေါ့မွန်ကစားသမား ဆန်ချိုကို ခေါ်ယူနိုင်ဖို့အတွက် ဆန်းချက်ဇ်ကို အလိုက်ပေးပြီး ကမ်းလှမ်းမယ်လို့ သတင်းထွက်နေပါတယ်။
ဆန်းချက်ဇ်ဟာ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတာကြောင့် အီတလီကလပ် အင်တာမီလန်အသင်းမှာ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေသူပါ။
မန်ယူအသင်းဟာ ဂျေဒန်ဆန်ချိုကို ခေါ်ယူလိုတာကြောင့် အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆန်းချက်ဇ်ကို အလိုက်ပေးကမ်းလှမ်းဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။
ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးပေါင် သန်း ၁၀၀ သတ်မှတ်ထားပြီး ဆန်းချက်ဇ်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အနေနဲ့ အလိုက်ပေးကမ်းလှမ်းဖို့ မန်ယူအသင်းက ဆန္ဒရှိနေတာပါ။
မန်ယူအတွက် အခက်အခဲဖြစ်စေမယ့်အချက်က ဆန်းချက်ဇ်ရဲ့လုပ်ခဖြစ်ပြီး လက်ရှိ ဆန်းချက်ဇ်ရနေတဲ့ တပတ် လုပ်ခပေါင် ၅ သိန်းကို ဒေါ့မွန် အသင်းက ပေးချေနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။
မန်ယူအသင်းအလိုရှိနေတဲ့ အင်္ဂလန်လက်ရွေးစင် ဆန်ချိုဟာ အခုနှစ်ရာသီမှာ ဒေါ့မွန် အတွက် ၁၄ ဂိုးသွင်းပြီး ၁၇ ကြိမ် ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။