အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားများကို  ဥရောပသမဂ္ဂက ထောက်ပံ့ပေးနေ 

ဒဂုံအ‌‌ရှေ့စက်မှုဇုန်ရှိ General Enterprises အထည်ချုပ်စက်ရုံမှ အလုပ်သမား
ဥရောပသမဂ္ဂ (အီးယူ)က ကိုဗစ်-၁၉ ရောဂါကပ်ဘေးကာလအတွင်း အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ဦးစီအတွက် ငွေကျပ် ခုနှစ်သောင်းကနေ တစ်သိန်းကျော်အထိ ထောက်ပံ့ပေးနေပါတယ်။ ဒီထောက်ပံ့မှုစနစ်ဟာ အလုပ်သမားတစ်ဦးချင်းစီကို တိုက်ရိုက်ငွေလွဲပေးပို့တာဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့ အခြေအနေအပေါ်မူတည်ကာ  ထောက်ပံ့တဲ့ငွေပမာဏာကွာခြားတယ်လို့ အလုပ်သမားသမဂ္ဂက ပြောပါတယ်။ အီးယူရဲ့ အထောက်အပံ့ကြောင့် အလုပ်ထုတ်ခံရလို့ အလုပ်လက်မဲ့ဖြစ်သွားရတဲ့ အလုပ်သမားတွေအတွက်တော့ အဆောင်ခနဲ့စားစရိတ်တချို့အတွက်ပေးဆောင်ဖို့ ကာမိတဲ့ အနေအထားရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  အဲ့လိုပဲ လက်ရှိမှာ အလုပ်အကိုင်ရရှိမှုက ခက်ခဲနေတာမို့ အလုပ်လက်မဲ့အ လုပ်သမားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ အစိုးရအနေနဲ့ ဖော်ဆောင်ပေးဖို့ အလုပ်သမားတွေက ပြောဆိုတာတွေ လည်းရှိနေပါတယ်။ ဥရောပသမဂ္ဂ (အီးယူ) အနေနဲ့ မြန်မာပြည်တွင်းက အလုပ်ထုတ်ခံရတဲ့အ လုပ်သမားတွေအတွက် မေ၊ ဇွန်၊ ဇူလိုင် ၃ လတာအတွင်း အလုပ်သမားဦးရေ ၉၀၀၀၀ အထိထောက်ပံ့မယ်လို့ ကြေညာထားပါတယ်။ ကိုဗစ်-၁၉ရောဂါ ကပ်ဘေးကြောင့် လက်ရှိပြည်တွင်းမှာ စက်ရုံတွေ ယာယီပိတ်သိမ်းတာ လုပ်သားအင်အားလျော့ချတာတွေကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အလုပ်သမား ၇၀၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်လာပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စာရင်းအရ သိရပါတယ်။ ကပ်ဘေးကာလမှာ အလုပ်ပြုတ်ပြီး အခက်အခဲဖြစ်နေတဲ့ အလုပ်သမား၂၆၀၀၀  အတွက် မြန်မာအစိုးရကလည်း လူမှုဖူလုံရေးက ထောက်ပံ့တဲ့ ၄၀ရာခိုင်နှုန်းအကျိုးခံစားခွင့်ငွေတွေ ထုတ်ပေးနေသလို ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် စားနပ်ရိက္ခာဝေတာ တွေလည်း လုပ်ဆောင်ခဲ့ပါတယ်။  ဇာခြည်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up