DVB Logo
Home
မြန်မာသတင်း
စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အစိုးရက ထိန်းညှိပေးရန်လို
DVB
·
May 3, 2013
စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် အစိုးရက ထိန်းညှိပေးရန်လို
1 / 4
Donate to DVB

စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် အစိုးရက ထိန်းညှိပေးရမှာ ဖြစ်သလို စာနယ်ဇင်းသမားတွေဘက်ကလည်း စောင့်စည်းရေးတရားကို ကိုင်စွဲသွားရမယ်လို့ ၀ါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) က ဦးစီးပြီး ရန်ကုန်မြို့ ပတ်ခ်ရွိုင်ရယ်ဟိုတယ်လ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ အခုလို ပြောလိုက်တာပါ။

[caption id="attachment_39068" align="alignright" width="150" caption="ဦးဝင်းတင်"][/caption]

“အစိုးရအပိုင်းအနေနဲ့ အစိုးရအဖွဲ့အစည်းတွေ အပိုင်းက တကယ်လုပ်ဖို့ ကောင်းတဲ့ဟာက ထိန်းရေး၊ ညှိရေးပေါ့နော် လုပ်ကိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကျနော်တို့စာနယ်ဇင်းသမားတွေဘက်ကလည်း စောင့်စည်းရေးတရားကို ကိုင်စွဲရမှာပါ။”

ဒီပွဲကို ပြန်ကြားရေးဝန်ကြီးနဲ့ ယူနက်စကိုတာဝန်ရှိသူတွေနဲ့ သတင်းစာဆရာကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနား တက်ရောက်တဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က စည်းကမ်းနဲ့ လွတ်လပ်ခွင့်ဟာ ဆန့်ကျင်ဘက်မဟုတ်ကြောင်း ပြောဆိုသွားပါတယ်။

[caption id="attachment_39069" align="alignleft" width="150" caption="ဦးအောင်ကြည်"][/caption]

“လွတ်လပ်မှုနဲ့ စည်းကမ်းရှိမှုနဲ့က ဆန့်ကျင်ဘက်မဟုတ်ဘူးဆိုတာ ကျနော်ပြောချင်ပါတယ်။ ဒီနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းကို ကျနော်တို့ ငယ်ငယ်ကလေးကတည်းက အလွတ်ရနေပါတယ်။ လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမဟုတ်ဘူး စည်းနဲ့ကမ်းနဲ့ သဘောမျိုးသာလျှင်ဖြစ်တယ်ဆိုတဲ့ စကားလေးဟာ အလွန်ကို ကျနော်တို့ရဲ့ အသဲထဲမှာစွဲနေတဲ့စကားပါ။ ဒါဟာ သီအိုရီအရလည်း အရမ်းမှန်ပါတယ်။ တစုံတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုတဲ့ဥစ္စာ တခြားလူကို သွားထိခိုက်လို့မရဘူး ဟုတ်လား အမြန်လမ်းကြောင်းတခုမှာ ကျနော်တို့သွားနေတယ်ဆိုရင် ဒါ ယာဉ်စည်းကမ်းတွေ ကျနော်တို့လိုက်နာရမယ်။ မလိုက်နာရင် ကာယကံရှင်အတွက်ရော၊ တခြားလူအတွက်ပါ ဆုံးရှုံးမှုဖြစ်တယ်။ စည်းကမ်းနဲ့ လွတ်လပ်ခွင့်ဟာ ဆန့်ကျင်ဘက် မဟုတ်ဘူးလို့ ပြောချင်တယ်” လို့ ဆိုပါတယ်။

ကိုကို (စက်မှုတက္ကသိုလ်) ကလည်း စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကြိုးစားရာမှာ စတုတ္ထမဏ္ဍိုင်တခုတည်းမရဘဲ ကျန်တဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေလည်း ပါမှရမယ်လို့ ပြောပါတယ်။

[caption id="attachment_39070" align="alignright" width="150" caption="ကိုကို (စက်မှုတက္ကသိုလ်)"][/caption]

“ချုပ်ချယ်တဲ့ဥပဒေတွေ ရုပ်သိမ်းပေးရေးကျတော့ ဘာနဲ့သွားဆက်စပ်လဲဆိုတော့ ဥပဒေပြုရေးအဖွဲ့နဲ့သွားဆိုင်တယ်။ ပါလီမန်ပေါ့။ သတင်းသမားတွေ သတင်းယူရင်းနဲ့တွေ့ရတဲ့အခက်အခဲတွေ တရားရုံးတွေမှာ ရင်ဆိုင်ဖြေရှင်းရာမှာလည်း တရားဥပဒေစိုးမိုးမှုကလည်း မျှတတဲ့တရားစီရင်ရေး၊ ဖြောင့်မတ်တဲ့ တရားစီရင်ရေး၊ သတင်းသမားတွေရဲ့ တကယ်ကို စစ်မှန်တဲ့ ကြိုးစားမှု၊ အခွင့်အရေးကို ကာကွယ်ပေးနိုင်တဲ့ တရားစီရင်ရေးဖြစ်ဖို့ လိုတယ်။ သတင်းလွတ်လပ်ခွင့်ရယူဖို့ရာမှာ သတင်းသမားတွေတင်မရဘဲ စတုတ္ထမဏ္ဍိုင်တခုတည်းမရဘူး၊ စတုတ္ထမဏ္ဍိုင်က လွတ်လပ်ခွင့်ကို ကြိုးစားရာမှာ ကျန်တဲ့မဏ္ဍိုင်ကြီးတွေက အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နဲ့ တရားစီရင်ရေးမဏ္ဍိုင်တွေက ပါမှရမယ်။ စတုတ္ထမဏ္ဍိုင်ကြီးထွားလာဖို့ ကျန်တာတွေက မလုပ်ပေးရင် ဘယ်လိုမှကြီးထွားမလာနိုင်ဘူး။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013