Home
မြန်မာသတင်း
လပွတ္တာမြို့နယ်၌ မီးလောင်မှုဖြစ်ပွား၊ နေအိမ် ၆ လုံးဆုံးရှုံးကာ လူ ၃၀ ကျော် မီးဘေးသင့်
DVB
·
May 27, 2020
99557367_858136151337396_3351861708376244224_n
101345816_858131608004517_6453966502939852800_o
100073620_858131511337860_4046457919862996992_n
100073471_858136094670735_7412824269668745216_n
100041832_858131544671190_3265737765731434496_n
ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ ရေဆိုင်ကုန်းကျေးရွာမှာ မေလ ၂၇ ရက်နေ့ မနက်အစောပိုင်းက မီးလောင်ကျွမ်းခဲ့မှုကြောင့် လူနေအိမ် ၅ လုံး မီးလောင်ဆုံးရှုံးကာ လူဦးရေ ၃၄ ဦး မီးဘေးသင့်ခဲ့တယ်လို့ ခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။ ရေဆိုင်ကုန်းကျေးရွာနေ အသက် ၃၂ နှစ်အရွယ် ဦးအောင်ကျော်မင်းရဲ့ နေအိမ် မီးဖိုချောင်းကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မီးလောင်တဲ့နေရာကို မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနဲ့ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅၀ ဦးသွားရောက်မီးငြိမ်းသတ်ခဲ့ရတယ်လို့ လပွတ္တာခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။ "မီးလောင်မှုကြောင့် နေအိမ် ၆ လုံးတော့ ပျက်စီးဆုံးရှုံးသွားတယ်၊ လူထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိဘူး။ မီးစလောင်တဲ့ နေအိမ်ပိုင်ရှင်ကိုတော့ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ်"လို့ ပြောပါတယ်။ မီးလောင်ကျွမ်းခဲ့မှုကြောင့် နေအိမ် ၆ လုံးပျက်စီးခဲ့ရာ အိမ်ထောင်စု ၆ စုက မိသားစုဝင် အမျိုးသား ၉ ဦး အမျိုးသမီး ၁၂ ဦးနဲ့ ၁၈ နှစ်အောက်အရွယ် ၁၃ ဦး ပါဝင်ကာ စုစုပေါင်း ၃၄ ဦး မီးဘေးသင့်ခဲ့ပါတယ်။ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင် ဦးအောင်ကျော်မင်းကို လပွတ္တာမြို့မရဲစခန်းမှာ (ပ) ၁၆၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ (မီးပေါ့ဆမှု) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့ က သိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024