Home
မြန်မာသတင်း
မာန်အောင်ကမ်းခြေရှိ သန္တာကျောက်တန်းများကို မချိုးဖဲ့ရေး ပညာပေးရန်လိုအပ်နေ 
DVB
·
May 27, 2020
ရခိုင်ပြည်နယ်၊ မာန်အောင်ကမ်းခြေက သန္တာကျောက်တန်းတွေကို လာရောက်လည်ပတ်သူ တွေက ချို့ဖဲ့ယူဆောင်နေကြတဲ့ သန္တာကျောက်တန်းတွေ မပျက်စီးစေဖို့ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။  မာန်အောင်မြို့နယ်၊ ပြင်ကောက်ကျေးရွာကမ်းခြေရှိ သန္တာကျောက်တန်းတွေကို ဒီရေကျချိန် မှာ မြင်ရလေ့ရှိပြီး လေ့လာကြည့်ရှုသူ၊ ရေကစားသူတွေ တချို့က ချိုးဖဲ့ယူဆောင်တာတွေ ပြုလုပ်ခဲ့ပါတယ်။  ဒါဟာ ပညာပေးတဲ့အပိုင်း အားနည်းလို့ဖြစ်ပြီး ပညာပေးမှုအပိုင်းကို အားကောင်းအောင် ပြုလုပ်နိုင်ပါက အချိန်မီ ပြန်လည်ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မာန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးကြည်ဝင်းက “ရေရှည်ထိန်းသိမ်းဖို့အတွက်ကတော့ သစ်တောရယ်၊ ငါးလုပ်ငန်းရယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းတဲ့အဖွဲ့တွေနဲ့ ဒေသခံတို့ကပဲ ပူးပေါင်းထိန်းသိမ်းစေချင်တယ်”လို့ ပြောပါတယ်။ ကိုဗစ်-၁၉ကပ်ရောဂါအခြေအနေကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့ အစိုးရက ထုတ်ပြန်ထားပေမဲ့ ကမ်းခြေကို နေ့စဉ်လာရောက်အပန်းဖြေသူတွေနဲ့ စည်ကားနေပါတယ်။ လာရောက်သူအများစုမှာ သန္တာကျောက်တန်းတွေကို ချိုးဖဲ့ယူပြီး အလှရိုက်ထားတဲ့ ဓာတ်ပုံတွေ ခုမေလအစပိုင်းကစတင်ကာ လူမှုကွန်ရက်မှာဖော်ပြမှုတွေရှိခဲ့တာကြောင့် လူသိများပြီး နေ့စဉ်လာရောက်လည်ပတ်သူ ၅၀၀ ဝန်းကျင်ရှိတယ်လို့ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။ ပြင်ကောက်ကမ်းခြေမှာရှိတဲ့ သန္တာကျောက်တန်းတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်းချီကတည်းက ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အကျယ်အဝန်းမှာ ခန်းမှန်ခြေ ၃ ဧကကျော်ရှိကာ ပင်လယ်ပြင်ဂေဟစနစ်နဲ့ငါး၊ ပုဇွန်တွေရဲ့မျိုးပွားမှု၊ ရှင်သန်ကြီးထွားမှုစနစ်တွေမှာ အရေးပါတဲ့ နေရာဖြစ်ပါတယ်။ သန္တာကျောက်တန်းတွေကို ထိန်းသိမ်းကာကွယ်မှုတွေ ပြုလုပ်နိုင်ပါက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်နိုင်မယ့် Eco Tourism လုပ်ငန်းဆောင်ရွက်နိုင်တဲ့ နေရာတစ်ခုလည်းဖြစ်လာနိုင်တယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေ သုံးသပ်ပြောဆိုထား ပါတယ်။ သတင်း - ယူမင်းစိုး၊ဓာတ်ပုံ - အောင်ကောင်းဇော်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024