DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပို့ကုန်များ အလားအလာကောင်းတော့မည်ဟု စီးပွားကူးသန်း အကြံပေးပြော
DVB
·
May 3, 2013
Donate to DVB

ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကြောင့် မြန်မာပို့ကုန် အထည်ချုပ်၊ ကျောက်စိမ်း၊ သစ်အချောထည်ပရိဘောဂနဲ့  လယ်ယာထွက်ကုန်တွေဟာ အလားအလာကောင်းတဲ့ ပို့ကုန်တွေ ဖြစ်လာတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးရဲ့ အကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံကို အမေရိကန်အစိုးရက ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (ဂျီအက်စ်ပီ စနစ်) လာမယ့်ဇွန်လအတွင်း ပြန်လည်ပေးအပ်သွားဖို့ ရှိသလို ဥရောပသမဂ္ဂထံကလည်း ဂျီအက်စ်ပီပြန်ရဖို့ နီးစပ်နေပြီဖြစ်တာကြောင့် မြန်မာ့ပို့ကုန်တွေ အလားအလာ ကောင်းတော့မယ်လို့ဒေါက်တာမောင်အောင်က ပြောဆိုလိုက်တာပါ။

”ဒီပို့ကုန်အမယ်တွေဟာ အလားအလာကောင်းတဲ့အတွက်ကြောင့်လည်း နိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံဝင်ရောက်လာနိုင်လို့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးနိုင်မှုတွေလည်း အများကြီး တက်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ မျှော်လင့်တာက နိုင်ငံအတွင်းက ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။ ပြီးတော့ ဒီပို့ကုန်တင်ပို့မှုကို တိုးချဲ့လာနိုင်ခြင်းဖြင့် တိုင်းပြည်ရဲ့စီးပွားရေးကလည်း ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်မှန်းထားပါတယ်။”

အမေရိကန်အပါအ၀င် အီးယူ ဈေးကွက်ကြီး ၂ ခုက မြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဘက် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကုန်သွယ်မှု ပမာဏနီးပါးရရှိဖို့က အချိန်စောင့်ရမယ်လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

”ဂျီအက်စ်ပီ ပြန်ပေးလိုက်လို့ သူတို့နဲ့ ကုန်သွယ်မှုပမာဏက ချက်ချင်းလက်ငင်းကြီး တဟုန်တိုး တက်သွားဖို့တော့ မဖြစ်နိုင်သေးပါဘူး။ တဖြည်းဖြည်းချင်းတော့ တက်လာဖို့ ရှိပါတယ်။ ပြီးတော့ ဂျီအက်စ်ပီ တခုတည်းရရုံနဲ့တော့ မဖြစ်နိုင်ဘူး။ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းဖြစ်အောင် ကိုယ်ကလုပ်ရဦးမယ်။ ဟိုတုန်းကဆိုရင် အမေရိကန် ဈေးကွက်၊ အင်္ဂလန်ဈေးကွက်တွေက ကျနော်တို့နိုင်ငံရဲ့အရေးပါတဲ့ ပို့ကုန်ဈေးကွက်တွေလေ။ ဒီလိုအနေအထားမျိုး ပြန်ရောက်လာမှာပါ။”

တရုတ်နဲ့ မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏက ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ ၅,၀၅၂သန်းကျော်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏက ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာ ၄,၅၁၄ သန်းကျော် ရရှိခဲ့တယ်လို့ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနရဲ့ စာရင်းဇယားများအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013