ပြည်ပကို ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁၈ သိန်းကျော်တင်ပို့မှုက ဒေါ်လာသန်း ၅၀၀ ကျော်ရရှိ
ပိုင်စိုး
·
May 27, 2020

အခုဘဏ္ဍာနှစ်ဆန်းကနေ မေလဆန်းအထိ ပြည်ပကို ဆန်နဲ့ဆန်ကွဲ မက်ထရစ်တန်ပေါင်း ၁၈ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်ရခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်ကနေ ၂၀၂၀ ပြည့်နှစ် မေ ၈ ရက်အထိ နိုင်ငံပေါင်း ၆၀ ကျော်ကို ဆန်နဲ့ ဆန်ကွဲတင်ပို့ခဲ့တာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၆၂ နိုင်ငံကို ဆန်တင်ပို့ခဲ့တာဖြစ် ဆန်ကွဲကိုတော့ ၅၃ နိုင်ငံကိုတင်ပို့ခဲ့ကာ စုစုပေါင်း မက်ထရစ်တန်ချိန် ၆၁၉၇၉၁ ကျော် တင်ပို့ခဲ့ပါတယ်။
ဒီအထဲမှာ နယ်စပ်လမ်းကြောင်းကနေ ဆန်တန်ချိန် ၂ သိန်းခွဲကျော်တင်ပို့ခဲ့တာဖြစ်ပြီး ကျန်တာတွေကတော့ သင်္ဘောနဲ့တင်ပို့ခဲ့တာဖြစ်ပါတယ်။