DVB Logo
Home
သတင်းတို
ဇော်ဇော်ဦးကို ဂျပန်ဘေ့စ်ဘောအသင်း ခေါ်ယူ
DVB
·
May 3, 2013
ဇော်ဇော်ဦးကို ဂျပန်ဘေ့စ်ဘောအသင်း ခေါ်ယူ
Donate to DVB

မြန်မာနိုင်ငံဘေ့(စ်)ဘော အားကစားသမား ဇော်ဇော်ဦး ၂၃ နှစ်ကို ဂျပန်နိုင်ငံ ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်း (Kagawa olive Guyners  (IL) Independent League) က  ခေါ်ယူလိုက်ပါတယ်။

ကာဂါဝ အိုလိဘိ ဂိုင်းနာ အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus of baseball အဖွဲ့ ၄ ဖွဲ့ထဲက တဖွဲ့အပါအ၀င် ဖြစ်ပါတယ်။

မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိပါသေးတယ်။

ဂျပန်နိုင်ငံမှာ လေ့လာကစားရင်း မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်  ဖြစ်အောင် လုပ်ချင်တယ်လို့ ကိုဇော်ဇော်ဦးက ပြောပါတယ်။

ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာမွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။ အသက် ၁၁ နှစ်မှာ အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို အဖွဲ့စုစည်းပြီး လေ့ကျင့်ဆောင်ရွက်နေတဲ့ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့ တွေ့ပြီး ဘေ့(စ်)ဘောပညာကို လေ့ကျင့်ကစားခဲ့တာ ဖြစ်ပါတယ်။

ကိုဇော်ဇော်ဦးဟာ လောလောဆယ် အကိုဖြစ်သူတွေနဲ့အတူ ရန်ကုန်မြို့ရှိ ကော်ပီစက်ပြုပြင်ရေးဆိုင်မှာ အလုပ်လုပ်ရင်း ၁ ပတ်ကို ၂ ရက် လေ့ကျင့်ကစားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013