Home
မြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော်အစည်းအဝေးကို ဧရာရွှေဝါခန်းမတွင် ရွေ့ပြောင်းကျင်းပမည် 
DVB
·
May 26, 2020
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ဇွန်လ ၄ ရက်နေ့  ပြန်လည်ကျင်းပဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ခေါ်ယူထားပြီး အစည်းအဝေးနေရာကိုတော့ ဧရာရွှေဝါခန်းမမှာ ကျင်းပမယ်လို့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက  ပြောပါတယ်။ အရင်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတွေကို ဧရာဝတီတိုင်းဒေသကြီးအစိုးရရုံးမှာ ကျင်းပခဲ့ပေမယ့် ခုလို့ ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ရောဂါ ကူးစက်မှုမရှိရလေအောင်  ခုံတွေကို  ၆ ပေခြားထားနိုင်ဖို့  ဧရာရွှေဝါခန်းမသို့ ပြောင်းရွှေ့ကျင်းပတာလည်း ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်က “လက်ရှိအခန်းမှာက ၆ ပေခြားပုံစံချတာ အဆင်မပြေဘူး။  လွှတ်တော်ခန်းမကြီးကလည်း မပြီးသေးတော့ ဧရာရွှေဝါခန်းမမှာ စီစဉ်ထားပါတယ်”လို့ ပြောပါတယ်။ ဧရာဝတီတိုင်းလွှတ်တော် ၂၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေကို ဇွန်လ  ၄ ရက်နေ့မှ စတင်ကျင်းပဖို့ရှိပြီး အစည်းအဝေးကာလမှာ  ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ မေးခွန်းတွေနဲ့ ၂၀၁၉-၂၀၂၀ ဖြည့်စွက်ဘတ်ဂျက် အတည်ပြုရေးကိစ္စတွေ ဆွေးနွေးမယ်လို့  သိရပါတယ်။ ဧရာဝဝီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမကိုတော့ ဆောက်လုပ်နေဆဲဖြစ်ပြီး ယုနှစ်အတွင်း ဖွင့်လှစ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ သတင်း- စည်သူမောင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024