
ပါကစ္စတန်က ရွေးကောက်ပွဲတွေကို နောက်လမှာကျင်းပပါတော့မည်။ ဘာဒမ်း ဇာရီ ဟာ ပထမဆုံး မျိုးနွယ်စု အမျိုးသမီးယောက်အနေနဲ့ လွှတ်တော် အမတ်နေရာ ၀င်အရွေးခံမှာ ဖြစ်ပါတယ်။ သူဟာ အာဖဂန်က တာလီဘန်၊ အယ်လ်ကိုင်ဒါးနဲ့ အခြားပါကစ္စတန် ပြည်သူ့စစ်အုပ်စုတွေရဲ့ ခြေကုတ်စခန်းဒေသလည်းဖြစ်၊ အစိုးရတပ်တွေနဲ့ သူပုန်တွေ တိုက်ခိုက်နေတဲ့ စစ်မြေပြင်လည်းဖြစ်တဲ့ ဘာဂျောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လာတာပါ။ ခြိမ်းခြောက်မှုတွေနဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေ ရှိနေပေမယ့် ဘာဒမ်းဇာရီက အမျိုးသမီးတွေရဲ့ အသံကို ကိုယ်စားပြုပေးဖို့ သံန္နိဋ္ဌာန် ချထားပါတယ်။
သတင်းထောက် မူဒါဆားရှားက သူ့အိမ်မှာသွားရောက်တွေ့ဆုံခဲ့ပါတယ်။










