Live
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက ပထမဆုံး ကိုဗစ်-၁၉ လူနာအမှတ် ၁၉၁ ကျန်းမာရေးကောင်းမွန်
DVB
·
May 26, 2020
ဧရာဝတီတိုင်းဒေသကြီးက ပထမဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တဲ့ လူနာအမှတ် ၁၉၁ ဟာ ဖျားနာကိုက်ခဲတာမရှိဘဲ ကျန်းမာရေးကောင်းမွန်တယ်လို့ ပုသိမ်မြို့ ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဒီဗွီဘီကိုပြောပါတယ်။ "လူနာက လူကောင်းတစ်ယောက်လိုပဲ ကျန်းမာရေးလည်းကောင်းတယ်၊ ဖျားနာတာ ချောင်းဆို တာမရှိဘူး၊ သူ့ကို ၃၀ ရက်နေ့တော့ နောက်တကြိမ် ရောဂါပိုး ရှိ မရှိ ထပ်မံ စစ်ဆေးသွားမယ်"လို့ ပြောပါတယ်။ လူနာအမှတ် ၁၉၁ ဟာ ပန်းတနော်မြို့နယ်ကဖြစ်ပြီး မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို မေလ ၁၁ ရက်နေ့က ပြန်လည်ရောက်ရှိလာပြီးနောက် ပုသိမ်တက္ကသိုလ်မှာ Facilities Quarantine ထားရှိစဉ် မေလ ၁၉ ရက်က ပိုးတွေ့ရှိကြောင်း ကျန်းမာရေးဌာနက တရားဝင် သတင်းထုတ်ပြန်ခဲ့တာပါ။ လူနာအမှတ် ၁၉၁ ဟာ မလေးရှားနိုင်ငံက ပြန်လာပြီး ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၈၂ နဲ့ လေယာဉ်တစ်စီးတဲ့ အတူစီးလာခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းကိုပြန်လာတဲ့ ၁၈ ဦးထဲမှာ ကျန် ၁၇ ဦးမှာ ပိုးတွေ့တာမရှိဘဲ သူ့တစ်ဦးထဲမှာသာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။ လူနာအမှတ် ၁၉၁ မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် သူနဲ့ ထိစပ်နိုင်ချေ အများဆုံး ဖြစ်တဲ့ ပုသိမ်မြို့ အခြေစိုက် သတင်းထောက် ၂ ဦးနဲ့ စေတနာ့ ဝန်ထမ်း ၃ ဦး စုစုပေါင်း ၅ ဦးကို Facilities Quarantine ထားရှိပြီးဆေးစစ်ခဲ့ရာမှာ ရောဂါပိုးမတွေ့ရှိဘူးလို့ တာဝန်ရှိသူတွေ က ဒီဗွီဘီကိုပြောပါတယ်။ အဆိုပါ လူနာအမှတ် ၁၉၁ ကိုတော့ ရောဂါပိုးတွေ့ရှိတဲ့ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက စတင်ကာ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပြီး သီးခြားကုသဆောင်မှာထားရှိ ဆေးကုသပေးနေပါတယ်။ သတင်း-မင်းထက်မုန်း (ပုသိမ်)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024