ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး မျောက်များဖြင့် စတင်စမ်းသပ်

ဓာတ်ပုံ-ရိုက်တာ
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေး (messenger RNA) ကို ကြွက်တွေမှာ စမ်းသပ်တာ အောင်မြင်ပြီးတဲ့နောက် မျောက်တွေနဲ့ စတင်စမ်းသပ်နေပါတယ်။ ကြွက်တွေနဲ့ စမ်းသပ်အပြီးမှာ လူမဟုတ်တဲ့ ပရိုင်းမိတ် သတ္တဝါဖြစ်တဲ့ မျောက်တွေနဲ့ သုတေသီတွေက စမ်းသပ်နေတယ်လို့ ထိုင်းအဆင့်မြင့်ပညာရေးသိပ္ပံ သုတေသနနဲ့ ဆန်းသစ် တီထွင်မှုဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး ဆူဗစ် မဲ့ဆင်ဆီက ပြောခဲ့တာပါ။  “ဒီစီမံကိန်းဟာ ထိုင်းတွေအတွက်သာမကဘဲ လူသားထုအတွက် ပြိုင်ပွဲပါ။ ဝန်ကြီးချုပ်က မူဝါဒ ချမှတ်ပေးထားပြီးပြီ။ ကျနော်တို့က ကာကွယ်ဆေးထုတ်ပြီးရင် ဒီအရေးအတွက် ကမ္ဘာ့လူ့အဖွဲ့အစည်း အင်အားနဲ့ ပူးပေါင်းရမယ်” လို့ ဝန်ကြီးက သတင်းထောက်တွေကို စနေနေ့မှာ ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေး အလားအလာ အမျိုး ၁၀၀ ကျော် ရှိနေပြီး ကာကွယ်ဆေးထုတ်လုပ်သူ လုပ်ငန်း ၂ ခုက စပြီး စမ်းသပ်နေပြီလို့ ဝန်ကြီးက ဆက်ပြောပါတယ်။ မျောက်နဲ့ စမ်းသပ်နေတဲ့ ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်ရဲ့ မျက်နှာပြင်က အန်တီဂျင်စ်လို့ ခေါ်တဲ့ မော်လီကျူးတွေကို ကိုယ်တွင်းဆဲလ်တွေက ထုတ်ပေးပြီး ရောဂါပြီးစနစ်က စပြီး အလုပ်လုပ်အောင် နှိုးဆွပေးပါတယ်။ အမျိုးသား ကာကွယ်ဆေးတက္ကသိုလ် ဆေးသိပ္ပံ ဌာ နဲ့ ချူလာလောင်ကောင် တက္ကသိုလ် ကာကွယ်ဆေး သုတေသနဌာနတို့က ကာကွယ်ဆေးကို လက်ရှိမှာ တီထွင်နေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up