Home
သတင်းဓာတ်ပုံ
မင်းသားကြီးကျော်သူနှင့် အနန္တမေတ္တာပရဟိတအဖွဲ့ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်ညွှန်းအလွှာသို့ စားနပ်ရိက္ခာလှူဒါန်း (ဓာတ်ပုံ)
DVB
·
May 25, 2020
Kyaw Thu give food base video shooting guys 19
Kyaw Thu give food base video shooting guys 15
Kyaw Thu give food base video shooting guys 14
Kyaw Thu give food base video shooting guys 13
Kyaw Thu give food base video shooting guys 12
Kyaw Thu give food base video shooting guys 11
Kyaw Thu give food base video shooting guys 10
Kyaw Thu give food base video shooting guys 9
Kyaw Thu give food base video shooting guys 8
Kyaw Thu give food base video shooting guys 7
Kyaw Thu give food base video shooting guys 6
Kyaw Thu give food base video shooting guys 5
Kyaw Thu give food base video shooting guys 4
Kyaw Thu give food base video shooting guys 3
Kyaw Thu give food base video shooting guys 2
Kyaw Thu give food base video shooting guys 2
ပရဟိတ မင်းသားကြီးလို့ သိကြတဲ့ သရုပ်ဆောင်မင်းသားကြီး ကျော်သူရဲ့ နာရေး ကူညီမှုအသင်းနဲ့ အနန္တမေတ္တာပရဟိတအဖွဲ့တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင်တွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့ကြပါတယ်။ ခုလို လှူဒါန်းမှုမှာတော့ ရုပ်ရှင်မိသားစုဝင်တွေ ဖြစ်ကြတဲ့ ဇာတ်ပို့ ဇာတ်ရံတွေ၊ ဇာတ်လမ်း ဇာတ်ညွှန်းပညာရှင်တွေနဲ့အတူ ဂါရဝတရားထားရှိရတဲ့ နာယကကြီးတွေအတွက် ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအတွက် အထောက်အကူပြုမယ့် ဆန်၊ ဆီ၊ သကြား၊ အာလူး၊ ကြက်သွန် လူသုံးကုန်ပစ္စည်းတွေနဲ့ မိုးတွင်းကာလအတွက် မိုးကာ၊ ဂျာကင် စတဲ့ အသုံးအဆောင်တွေကို လှူဒါန်းခဲ့ကြတာလို့ ဆိုပါတယ်။ ဒီလှူဒါန်းပွဲကိုတော့ သရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ ထွန်းကိုကို၊ ဇွဲလရောင်၊ စွမ်းထက် စတဲ့ သရုပ်ဆောင်တွေလည်း တက်ရောက်ကာ ပါဝင်ကူညီခဲ့ကြပြီး ကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားပြီး အလှူမှတ်တမ်းတင်ဓာတ်ပုံတွေကို ပြန်လည် မျှဝေထားခဲ့တာ ဖြစ်ပါတယ်။ “အလှူပွဲတော် အောင်ပြီ! အောင်ပြီ! အောင်ပြီ! ယနေ့ မိမိ၏ မိခင်တပ်ရင်းဖြစ်သော၊ မိမိ၏အောင်မြေဖြစ်သော၊ မိမိ၏ခင်ပွန်းကြီးဆယ်ပါးတွင် အပါအဝင်ဖြစ်သော မြန် မာ့ရုပ်ရှင်လောကအတွက် နိုင်သလောက် လှူဒါန်းခဲ့သည့် အလှူပွဲအား ပရဟိတ စည်းလုံးခြင်း အင်အားနှင့် အောင်မြင်ခဲ့ပါပြီ။ ကောင်းမှုအစုစုကို (၃၁) ဘုံကျင်လည်ကြကုန်သော သတ္တဝါအပေါင်းအားအမျှ အမျှ အမျှပေးဝေငှပါသည်။ သာဓု သာဓု သာဓုပါခင်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024