ရှန်ဟိုင်းအပါဝင်နေရာအများစု၌ နိုက်ကလပ်များ ပြန်ဖွင့်

ဓာတ်ပုံ-ရိုက်တာ
တရုတ်နိုင်ငံရဲ့စီးပွားရေးမြို့တော် ရှန်ဟိုင်းနဲ့ တရုတ်နိုင်ငံတဝန်း မြို့အများစုက နိုက်ကလပ် ကပွဲရုံတွေ ပြန်အသက်ဝင်နေပါပြီ။ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကို ထိန်းချုပ်နိုင်ခဲ့အပြီး ပိုးသတ်ဆေးရည်၊ တခါသုံးခွက်တွေနဲ့ ပါးစပ်နှာခေါင်းစည်းတွေကတော့ ပုံမှန်အခြေအနေသစ် ဖြစ်တဲ့ new normal ဘဝနေထိုင် မှု ပုံစံထဲမှာ တစိတ်တပိုင်း ဖြစ်နေပါတယ်။  ၂လနီးပါး ပိတ်ထားအပြီး ပြန်ဖွင့်ခဲ့တဲ့ ရှန်ဟိုင်းမြို့က နိုက်ကလပ်မှာ လတ်တလော သောကြာညတွေမှာ နီးနီးကပ် ထိုင်နေ ၊ ကနေတဲ့ ဖောက်သည်တွေနဲ့ စည်ကားနေပါတယ်။ ဒါပေမယ့် ကလပ်အဝင်မှာ လာသူတိုင်းကို အပူချိန်နဲ့ ကျန်းမာရေး ဆိုင်ရာ အချက်အလက်တွေကို စစ်ဆေးပြီး ကိုယ်ရေးအကျဉ်းကို မှတ်တမ်းတင်ခိုင်းပါတယ်။  ဆိုင်ဝန်ထမ်းတွေ စားပွဲထိုးနဲ့ အရက်စပ်သူတွေပါမကျန် အားလုံးဟာ လက်အိတ်တွေနဲ့ ပါးစပ်နှာခေါင်းစည်းတွေကို တချိန်လုံး ဝတ်ထားရပါတယ်။ ကလပ်ရဲ့အတွင်းနံရံတွေပါ လက်ဆေးရည်ဘူးတွေကို တပ်ဆင် ထားပါသလို ခါတိုင်းသုံးနေကျ ဖန်ခွက်တွေ နေရာမှာ တခါသုံး ပလတ်စတစ် ခွက်တွေကို အစားထိုးထားပါတယ်။ တံခါးလက်ကိုင်တွေနဲ့ ရေချိုးခန်းထဲက သန့်စင်ခန်း တွေကိုလည်း  နာရီတိုင်းနဲ့ ကလပ်တခုလုံးကို တော့ နေ့တိုင်း ပိုးသတ်နေတယ်လို့ ကလပ်ပိုင်ရှင် ချားလ်စ်ဂေါင်က ပြောပါတယ်။ တရုတ်နိုင်ငံတွင်းမှာ ပြည်တွင်းနေသူတွေ အချင်းချင်းအကြားမှာ ရောဂါ ကူးစက်မှု သိသိသာသာ ကျဆင်းခဲ့တာ မတ်လတည်းကပါ။ မေလ ၂၄ ရက် တရက်တည်းမှာ တရုတ်ပြည်မကြီး တခုလုံးမှာ အသစ်ကူးစက်ခံရသူ ၁၁ ယောက်သာရှိတယ်လို့ မေလ ၂၅ရက်မှာ ကြေညာထားပြီး ကူးစက်ခံ အားလုံးဟာ နိုင်ငံခြားပြန်တွေအပါအဝင် နိုင်ငံပြင်ပကနေ ကူးစက်လာသူတွေလို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up