DVB Logo
Home
မြန်မာသတင်း
ဥက္ကံမြို့ ဒုက္ခသည်များ အကူအညီလိုအပ်နေ
DVB
·
May 2, 2013
ဥက္ကံမြို့ ဒုက္ခသည်များ အကူအညီလိုအပ်နေ
Donate to DVB

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရွာမီးရှို့မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဒုက္ခသည်တွေ စားသောက်နေထိုင်ရေးအတွက် အကူအညီ လိုအပ်နေတယ်လို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

[caption id="attachment_39023" align="alignleft" width="300" caption="မေလ ၁ ရက်နေ့ ဥက္ကံမြို့ အပျက်အစီးမြင်ကွင်း"][/caption]

ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးနီက “‘ဒုက္ခသည်တွေကို အဖွဲ့အစည်းအသီးသီးက ကူညီပေးနေပါတယ်။ ရွှေဝါရောင်သံဃာ့ကွန်ရက်တွေရော ဆန်၊ စားစရာ အားလုံး လှူဒါန်းတာတွေရော ၀ိုင်းကူညီပေးနေပါတယ်။ အိမ် ၄၈ လုံး၊ တရွာက အိမ် ၁၇ လုံး၊ တရွာက ၆ လုံးလောက်၊ တရွာက ၄၉ လုံး မီးလောင်တယ်။ အစုအစုလိုက်ပေါ့။ ဒုက္ခသည်တွေက မွတ်စလင်တွေများတယ်။ မြန်မာမပါဘူး။ အိမ်ခြေ ၄၈ လုံးဆိုတော့ ၅ ယောက်နှုန်းနဲ့တွက်ကြည့်ရင် ၂၀၀ လောက်။ အန်အယ်လ်ဒီက ဖြစ်ဖြစ်ချင်း နောက်တရက်မှာ လောလောဆယ် စားနိုင်ကြဖို့ ငါးခြောက်နဲ့ ဆန် သွားဝေပေးတယ်။ ကျနော်တို့က လာလှူကြတဲ့ အကူအညီပေးသူတွေ အန်အယ်လ်ဒီက ကမကထလုပ် ပို့ဆောင်ပေးတယ်၊ စနစ်တကျဝေခြမ်းပေးတယ်။”

ဥက္ကံမြို့မှာ ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး ပဋိပက္ခမှာ လှုံ့ဆော်သူလို့ ယူဆရသူ ၁၈ ဦးကို စစ်ဆေးနေကြောင်း ဥက္ကံရဲစခန်း တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။

ဘာသာရေးခေါင်းဆောင်တွေနဲ့ လူမှုရေးခေါင်းဆောင်တွေကို ဆက်သွယ် မေးမြန်းကြည့်ရာမှာ ဥက္ကံမြို့ မီးရှို့မှုဖြစ်စဉ်အပြီးမှာ အနီးဝန်းကျင်ဒေသတွေမှာလည်း ဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေတာကြောင့် မဖြစ်ပွားအောင် ထိန်းသိမ်းကြပ်မတ်နိုင်ဖို့ လိုအပ်နေတယ်လို့ ပြောကြပါတယ်။

မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားပြီး ဥက္ကံမြို့မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့သလို တိုက်ကြီးမြို့မှာလည်း ဒီနေ့ညနေက ပုဒ်မ ၁၈၈ ထုတ်ပြန်ခဲ့ပါတယ်။

ဥက္ကံမြို့အနီးက သာယာဝတီမြို့မှာတော့ နဂိုက ပုဒ်မ ၁၈၈ ထုတ်ပြန်ထားတာမှာ ည ၁၁ နာရီကနေ မနက် ၄ နာရီထိ အချိန်တိုးပြီး ပြောင်းလဲထုတ်ပြန်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

မနေ့က အကြမ်းဖက်ဖျက်ဆီးမယ်လို့ ယူဆရသူတချို့ကို ဖမ်းဆီးရမိထားပြီး ရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူ ရှင်းပြတယ်လို့ မြို့ခံက ပြောဆိုခဲ့ပြီး သာယာဝတီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကတော့ အခြေအနေ တည်ငြိမ်အေးဆေးပြီး ထူးခြားဖြစ်စဉ်မရှိပါဘူးလို့ ဖြေပါတယ်။

ဥက္ကံမြို့မှာ ဧပြီ ၃၀ ရက် မီးရှို့မှုဖြစ်စဉ်တွေကြောင့် မြို့ပေါ်ရပ်ကွက်တွေမှာ နေအိမ် ၅၃ လုံးနဲ့ ဆိုင်ခန်း ၁၅ ခန်း။ ရတနာကုန်း၊ ပနီပင်၊ ခြောက်သဲ၊ သဲကုန်း အစရှိတဲ့ ကျေးရွာတွေမှာ နေအိမ် ၇၇ လုံး၊ ရန်ကုန်-ပြည်လမ်းပေါ်ရှိ ဆိုင်ခန်း ၉ ခန်း ပျက်စီးခဲ့တယ်လို့ ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခဖြစ်စဉ်မှာ ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးအနက် ကိုဇော်ဇော်ထွန်း (၂၉) နှစ်ဟာ ဒီနေ့ သေဆုံးသွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013