A d v e r t i s e m e n t With Us

ဦးနေမျိုးဇင်ကို ပြစ်ဒဏ်ချမှတ်မှု အယူခံဝင်မည်ဟု ရှေ့နေပြော

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ကို ထူထောင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးနေမျိုးဇင်ကို အကြည်ညိုပျက်စေမှုနဲ့ ချမှတ်လိုက်တဲ့ စီရင်ချက်ကို အယူခံ ၀င်သွားမယ်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ မကြာသေးခင်က ဧရာဝတီတိုင်း ပန်းတနော် လယ်သမားတွေအရေး ကူညီပေးရင်းနဲ့  ဒေသခံ ရဲတပ်ဖွဲ့ဝင်တွေက ဦးနေမျိုးဇင်ကို  အကြည်ညို ပျက်စေမှုပုဒ်မနဲ့ ပန်းတနော်တရားရုံးမှာ  အမှုဖွင့် တရားစွဲခဲ့တာပါ။ မေလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှာတော့  တရားရုံးကနေ ဒဏ်ငွေ ၂ သောင်း သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်လိုက်တဲ့အပေါ် ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ဒဏ်ငွေ မဆောင်ဘဲ ထောင်ဒဏ် ၃ လ ကျခံမယ်လို့ တရားသူကြီးကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီမနက်မှာပဲ ဦးနေမျိုးဇင်ကို လက်ပြန် လက်ထိတ်ခတ်ပြီး မအူပင်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဦးနေမျိုးဇင်ရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။ အမှုကို မအူပင်ခရိုင်တရားရုံးမှာ လာမယ့် မေ ၆ ရက်နေ့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up