သန်လျင်ရှိ ဝင်ငွေနည်းသူများကို ဆိုင်ကယ်စီးသူများစုပေါင်း၍ အခြေခံစားကုန်များ လှူဒါန်း (ဓာတ်ပုံ)

ဆိုင်ကယ်စီးသူတွေ စုပေါင်းပြီး သန်လျင်မြို့ရှိ ဝင်ငွေနည်း အခြေခံလူတန်းစားတွေ နေထိုင်တဲ့ ကျေးရွာတွေကို သွားရောက်ကာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ ကာလ အလုပ်အကိုင်ရှားပါးပြီး အကျပ်အတည်းဖြစ်နေတဲ့ မိသားစု ၁၅၀ လောက်ကို ဆန်၊ ဆီ၊ ကြက်သွန်၊ ငါးသေတ္တာ နဲ့ နှာခေါင်းစည်းတွေ လှူဒါန်းခဲ့ကြတာပါ။ အီးဒ်နေ့အထိမ်းအမှတ်အဖြစ် အဖြူရောင်နှင်းဆီကန်ပိန်းလှုပ်ရှားသူတွေကလည်း မိသားစုဝင်တွေကို အဖြူရောင်နှင်းဆီပန်းတွေ ဝေငှခဲ့ကြပါတယ်။ သွားရောက်လှူဒါန်းတဲ့ အစီအစဉ်ကို ငြိမ်းချမ်းရေးဆိုင်ကယ်စီးကြသူများအဖွဲ့ (Peace Bikers)၊ Nature of Traveller (Yangon) MC ၊ Iron Horse Thanlyan - East Group နဲ့ Together Thanlyin အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တာပါ။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်စေဖို့ ဆိုင်ကယ်တွေကို ၄ ပေလောက်ခြားမောင်းတာ၊ နှာခေါင်းစည်းတွေ တပ်တာနဲ့ ရောက်တဲ့နေရာတွေမှာ လက်သန့်ဆေးနဲ့ ဆေးပြီး ကျန်းမာရေးအတွက် ဂရုစိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ Photo - JPaing / MPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up