Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာ ၉၁၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ်မတွေ့
DVB
·
May 25, 2020
မေ ၂၄ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၁၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ လူနာသစ်မတွေ့ရှိဘဲ ရောဂါပိုးကင်းစင်လာသူ ၁၂၂ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးတာကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၇၄၈ ခုနဲ့ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၆၆ ခု၊ စုစုပေါင်း ၉၁၄ ခုအား စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မေ ၂၅ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၀၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေအနက် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၂၂ ဦးရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅.၄ သန်းကျော်နဲ့ သေဆုံးသူ ၃ သိန်း ၄ သောင်းကျော်ရှိပြီလို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024